အပိုင်း ၉၃

517 27 0
                                        

အခန်း (93) ဆိုနီယာ၏စာရင်း

"ဒါပေမယ့် ငါနင့်ကိုဘယ်လိုကယ်ရမှာလဲ?" ငြီးငွေ့နေသော တီနာသည် သူမ၏လက်ချောင်းကိုအသုံးပြုကာ လက်ရန်းပေါ်တွင် စက်ဝိုင်းပုံဆွဲနေသော်လည်း သူမ၏အသံမှာစိုးရိမ်မှုအပြည့်ရှိနေသည်။

စင်သီယာက ညည်းတွားသည်။  "တီနာ၊ ဥက္ကဋ္ဌဖူလာကိုအသနားခံပေးပါဦး။ သူကနင့်ကိုအဲလောက်ချစ်တာ၊ သူသေချာပေါက်သဘောတူမှာပါ။"

"ကောင်းပြီ၊ ငါအသနားခံလိုက်ပါ့မယ်။" တီနာ ခေါင်းညိတ်လိုက်သည်။

စင်သီယာသည် သူမကိုအလွန်ကျေးဇူးတင်သွားခဲ့သည်။  "ကျေးဇူးတင်ပါတယ် တီနာ။"

"အဲလိုမပြောပါနဲ့၊ ငါတို့ကသူငယ်ချင်းတွေပဲဟာ။" တီနာကတခစ်ခစ်ရယ်နေပေမယ့် သူမအကြည့်ကပျော်ရွှင်မှုမရှိနေဘဲ၊  ထိုအစား ကဲ့ရဲ့ခြင်းနှင့်သာပြည့်နေ၏။ ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီးနောက်တွင် ဆိုနီယာနှင့်ပက်သက်ပြီး ဖေ့စ်ဘုတ်ပေါ်တွင်ဝေဖန်ပြောဆိုမှုများကိုစစ်ဆေးရန် ဖုန်းကိုသူမနားထံမှခွါလိုက်သည်။ သူမသည်  အဖြစ်အပျက်၏နောက်ကွယ်လူက စင်သီယာဖြစ်သည်ကို အစောကတည်းကသူမသိနေခဲ့ပြီး သူမကိုယ်တိုင်က ဆိုနီယာကိုဘယ်တော့မှပစ်မှတ်မထားရန် တိုဘီအားကတိပေးခဲ့သည်အား စင်သီယာကို တမင်တကာပြောပြခဲ့သောကြောင့်ဖြစ်သည်။

စင်သီယာက သူမခံစားနေရတာကိုကြည့်ပြီး မခံမရပ်နိုင်ဖြစ်ကာ ဆိုနီယာအပေါ်အလားတူမုန်းတီးမှုကို ခံစားခဲ့ရကြောင်း သူမသိသောကြောင့် စင်သီယာသည် ဆိုနီယာကိုကိုင်တွယ်ဖြေရှင်းမည့်အစီအစဉ်အားလုပ်ဆောင်မည်ကို သူမသိထားပြီးဖြစ်သည်။ ထိုနည်းအားဖြင့် တီနာသည် တိုဘီနှင့်သူမ၏ကတိကိုဖောက်ဖျက်ရာရောက်တော့မည်မဟုတ်ဘဲ လက်တွေ့ကျကျပင် သူမလက်ကသန့်ရှင်းနေဆဲဖြစ်မည်ပင်။

သို့သော်၊ စင်သီယာသည် ဝါရင့်တစ်ယောက်ကဲ့သို့ ကြီးမားသော အကြံအစည်ကိုအကောင်အထည်ဖော်မည်ဟု သူမမမျှော်လင့်ထားပေ။ တွေးရင်းနဲ့ သူမမျက်ခုံးကြားကို လက်နှင့်ပွတ်သပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ငါက စင်သီယာကိုကာကွယ်ပေးရမှာပေါ့။ မဟုတ်ရင် ငါ့အစား ဆိုနီယာကို‌ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့သူရှိတော့မှာမဟုတ်ဘူး။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now