အပိုင်း ၇၃

616 35 8
                                        

Unicode
အခန်း 73။ မသင်္ကာမှုများကို စီရင်ခြင်း။

တိုဘီ မျက်ခုံးပင့်လိုက်သည်။ သူ ငါ့နံပါတ်ကိုဖျက်ထားတာလား။ ဆိုနီယာသည် ဖုန်းခေါ်ဆိုသူက စကားမပြောသည်ကို သတိပြုမိသောအခါ စိတ်ရှုပ်ထွေးစွာဖြင့်ခေါင်းစောင်းကာ ဖုန်းချရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ခေါ်ဆိုသူမှတုံ့ပြန်လာသည့်အချိန်အထိ ပင်။ အမျိုးသားတစ်ယောက်၏ နက်နဲကာ
ငြိမ့်ညောင်းသောအသံ ထွက်ပေါ်လာသည်။ "ငါပါ"

ဆိုနီယာ၏မျက်လုံးသူငယ်အိမ်များသည် ကျုံ့သွားကာ စာရေးနေခြင်းကိုရပ်လိုက်သည်။ သူမ၏ဖုန်းစခရင်ကို စစ်ကြည့်လိုက်တော့ ရင်းနှီးနေသည့် နံပါတ်အတန်းလိုက်ကိုမြင်လိုက်သည်နှင့် သူမ၏နှုတ်ခမ်းကို မျဉ်းတဖြောင့်တည်းဖြစ်အောင် တင်းတင်းစေ့လိုက်၏။ တကယ်ကို သူပဲ!

ကွာရှင်းပြတ်စဲပြီးနောက် တိုဘီ၏အဆက်အသွယ်အသေးစိတ်အချက်အလက်များအားလုံးကို ဖျက်လိုက်ပြီးနောက်တွင်ပင် သူမသည် ပထမအကြည့်တစ်ချက်တွင်ပင် သူ၏ဖုန်းနံပါတ်ကို မှတ်မိနိုင်ခဲ့သည်။ အသက်ပြင်းပြင်းရှူပြီးနောက် သူမစိတ်အတွင်းမှချဉ်စူးနေခြင်းကို လျစ်လျူရှုပြီး ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့်စကားပြောလိုက်သည်။ "ရှင် ကျမဆီက တစ်ခုခုလိုလို့လား ဥက္ကဋ္ဌဖူလာ။"

ဆိုနီယာ၏လေသံမှ အေးစက်နေမှုကိုသတိပြုမိသည်နှင့် တိုဘီ၏မျက်နှာ ပျက်သွားသည်။ သူမ ငါ့ကိုမမှတ်မိတုန်းက အရမ်းနူးညံ့သိမ်မွေ့နေပေမဲ့ မှတ်လည်းမှတ်မိသွားရော ခေါင်းပန်းလှန်လိုက်သလိုပဲ ပြောင်းလဲသွားတယ်ပေါ့။ သူ့ရင်ထဲကစိတ်ပျက်နေသည့်ခံစားချက်ကို မျိုသိပ်ထားရင်း သူ့နှုတ်ခမ်းများကိုမျဉ်းတဖြောင့်တည်းဖြစ်အောင် တင်းတင်းစေ့လိုက်သည်။ "ငါ မင်းကိုတောင်းပန်ချင်လို့။"

ဆိုနီယာသည် သူမ၏ဘောပင်ကို လွှင့်ပစ်ပြီးနောက် နောက်သို့မှီလိုက်သည်။ "တောင်းပန်ချင်တယ်?။ ရှင် တောင်းပန်ရအောင် တစ်ခုခုလုပ်ခဲ့တာလား။"

"ငါ့အမေပါ။ မင်းကိုဒုက္ခပေးခဲ့လို့ တောင်းပန်ပါတယ်။" တိုဘီက ခေါင်းငုံ့ပြီး တောင်းပန်တဲ့လေသံနှင့်ပြောသည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now