အပိုင်း ၈၈

627 36 0
                                        

Unicode
အခန်း (88) ထိုင်ခုံလဲခြင်း

အမျိုးသားရေချိုးခန်းထဲတွင် တိုင်လာသည် သူ၏မျက်နှာပေါ်သို့ရေအေးအချို့ပက်ဖြန်းလိုက်ပြီး နီရဲနေသောမျက်လုံးများဖြင့် မှန်ထဲမှရောင်ပြန်ဟပ်နေသောသူ့ကိုယ်သူအား ကြည့်လိုက်သည်။ ပြိုင်ပွဲအတွင်း သူကောင်းကောင်းလည်းမစွမ်းဆောင်နိုင်ခဲ့သလို သူ့ရဲ့စွမ်းဆောင်ရည်ကိုလည်းအပြည့်အ၀ထုတ်မပြခဲ့မှန်း သူသိပါသည်။

သူအဲလိုမလုပ်ချင်တာ မဟုတ်ပေမယ့် သူ့ပြိုင်ပွဲကိုကြည့်ဖို့ ဘယ်သူမှမလာဘူးဆိုတာကိုပြန်သတိရတာနဲ့တပြိုင်နက်မှာပဲ သူ့ကိုယ်သူအဲလိုလုပ်ဖို့မစွမ်းဆောင်နိုင်တော့ပေ။ အဲဒါက သူ့ရဲ့စိတ်အားထက်သန်မှုကိုနှောင့်ယှက်နေတဲ့အတွက် ပြိုင်ပွဲကိုပြိုင်ရသည်မှာစိတ်မပါတော့သလို သူခံစားရတော့သည်။

"လူလိမ်တွေ! သူတို့လာမယ်လို့ ပြောထားပြီး သူတို့ကတိကိုဖျက်လိုက်ကြတာ။" တိုင်လာသည်မှန်ဘေးက စကျင်ကျောက်နံရံကိုထိုးကြိတ်ရင်း သူ့မျက်လုံးထဲမှ မျက်ရည်များစီးကျလာသည်။ ရုတ်​တရက်​ သူ့အိတ်​ကပ်​ထဲမှဖုန်းမြည်​လာသည်​။ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူကဖုန်းကိုကိုင်ရင်း ဒေါသကိုထိန်းလိုက်သည်။  "ဟဲလို?"

"ဖူလာ၊ ပွဲရဲ့တတိယအချီစတော့မယ်။ အဆင်သင့်ဖြစ်ပြီလား?" သူ့အသင်းဖော်ကမေးသည်။

တိုင်လာက သူစကားပြောနေရင်း နည်းနည်းလေးစိတ်ဓာတ်ကျသွားပုံရ၏။ "ကောင်းပြီ။"

"ဒါဆိုပြန်လာတော့။" ထိုသို့ဖြင့် သူ့အသင်းဖော်ကဖုန်းချသွားသည်။

တိုင်လာသည် သူ့ဖုန်းကိုအိတ်ထဲထိုးထည့်ကာ ရေချိုးခန်းထဲမှထွက်လာသည်။ သူထွက်လာလိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ့ကိုဖမ်းဆွဲထားလိုက်၏။ "မင်းစိတ်​ထဲမှာဘာတွေဖြစ်နေတာလဲ။"

ဒီအသံက! သူလှည့်ပတ်ကြည့်တော့ တိုင်လာ၏သူငယ်အိမ်များကကျုံ့သွားကြသည်။ ရေချိုးခန်း​ဘေးကနံရံကိုမှီ​နေ​သော​ယောက်ျားကိုမြင်​လိုက်​ရ​တော့ သူ အလွန်​ဝမ်းသာသွားသည်​။ "တိုဘီ။ နောက်ဆုံးတော့ အစ်ကိုရောက်လာပြီပေါ့!" တိုဘီက ဒေါသတကြီးတုံ့ပြန်ပြီးနောက် တိုင်လာကနှာရှုပ်လိုက်သည်။ သူစကားပြောသည့်အခါ သူ့အသံကနည်းနည်းအက်ကွဲနေခဲ့၏။ "အစ်ကို ဘယ်တုန်းကရောက်နေတာလဲ၊ ကျနော်က အစ်ကိုမလာဘူးထင်နေတာ။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now