Unicode
အပိုင်း ၆၃။ ထိုက်ဒပ်စ်၏ဒေါသ
နာရီဝက်ကြာပြီးနောက် ထိုက်ဒပ်စ်သည် အိမ်သို့ပြန်ရောက်လာသည်။ အိမ်တော်ထိန်းက သူ့ကို လာနှုတ်ဆက်ပြီး သူက သူ့ကုတ်အင်္ကျီကိုပေးကာ မေးလိုက်သည်။ "သခင်မလေး နဲ့ သခင်မ အိမ်မှာရှိလား။"
"သူတို့က သခင်မလေးရဲ့အခန်းထဲမှာ ရှိပါတယ် သခင်ကြီး။" ကုတ်အင်္ကျီကို သူ့လက်မောင်းမှာတင်ထားပြီး အိမ်တော်ထိန်းက ပြန်ဖြေသည်။ ထိုက်ဒပ်စ်သည် နားလည်ကြောင်း အသံပြုပြီးနောက် လှေကားထစ်ဆီသို့ ဦးတည်သွားသည်။
ထိုအချိန် အပေါ်ထပ်အခန်းတွင် ဂျူလီယာနှင့် တီနာတို့သည် ဓာတ်ပုံအယ်လ်ဘမ်ကို အတူတူလှန်လှောကာ ကုတင်ခြေရင်းတွင် ထိုင်နေကြသည်။ တီနာက သူမကိုယ်သူမ ဓာတ်ပုံကိုညွှန်ပြရင်းမေးသည်။ "အမေ ဒီဓာတ်ပုံကို မှတ်မိလား?"
သမီးဖြစ်သူ၏ဆံပင်ရှည်ကို သဘောကျစွာ ပွတ်သပ်ရင်း ဂျူလီယာက ပြန်ပြောသည်။ "မှတ်မိတာပေါ့။ အမေတို့ ဒီပုံရိုက်တုန်းက သမီးက ခြောက်နှစ်ပဲရှိသေးတယ်။ သမီးက အဲဒီနှစ်မှာ တူတူပုန်းတမ်းကစားရတာကိုကြိုက်ပြီး အမေ ဘယ်လောက်ပဲ ခက်ခက်ခဲခဲရှာနေပါစေ သမီးကိုရှာမတွေ့ဘူး။ အမေက သမီးပျောက်သွားမှာ အရမ်းကြောက်နေခဲ့ပေမယ့် သမီးက ထပ်ခိုးမှာပုန်းနေရင်းနဲ့ အိပ်ပျော်သွားတာလေ။”
"သမီး မှတ်မိသေးတယ်။ သမီး နိုးလာတော့ ထပ်ခိုးကနေ ကိုယ့်ဘာသာဆင်းလာတော့ အမေ ငိုနေတာကိုတွေ့ခဲ့တယ်။ အမေက ရဲစခန်းမှာတောင် လူပျောက်တိုင်စာတင်ထားလိုက်သေးတယ်။" တီနာ ပြန်ပြောပြသည်။
ဂျူလီယာ၏မျက်နှာပေါ်ရှိ အပြုံးသည် မှိန်ဖျော့သွားကာ သူမ၏မျက်လုံးအောက်ခြေမှ အမုန်းတရားများ ရှိနေခဲ့သည်။ သူမသည် သူမကလေးကို ရှာမတွေ့သောအခါ အထိတ်တလန့် အော်ဟစ်ကာ ဘယ်လိုလုပ် ရဲမတိုင်ဘဲနေနိုင်မည်နည်း။ ထိုအချိန်တွင် ဟင်နရီသည် တီနာကို ပြန်ပေးဆွဲသွားသည်ဟုပင် သူမ ထင်နေခဲ့သည်။ အဆုံးတွင် မှားယွင်းသော ကြောက်လန့်မှုတစ်ခုသာ ဖြစ်လာခဲ့သည်ကသာ ကောင်းသောအရာပင်။
လောလောဆယ်တွင် တီနာသည် အယ်လ်ဘမ်စာမျက်နှာတစ်ခုကိုလှန်လိုက်သည်။ ရုတ်တရက် အဝါရောင်ဓာတ်ပုံတစ်ပုံသည် ဓာတ်ပုံအယ်လ်ဘမ်မှ လွင့်ထွက်လာပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမ ကောက်ကိုင်ဖို့ ငုံ့ကြည့်လိုက်၏။ ဓာတ်ပုံထဲတွင် လအနည်းငယ်သာရှိသေးသော မွေးကင်းစကလေးငယ်တစ်ဦးရှိသည်။ ထိုကလေးသည် အပြုံးကြီးကြီးပြုံးနေပြီး ချစ်စရာကောင်းတဲ့ပုံပေါက်ကာ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်ပင် ကြည့်သည့်သူမည်သူမဆိုအား ချစ်စိတ်များယိုဖိတ်လာစေသည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
