Unicode
အပိုင်း ၅၅။ အောင်မြင်စွာဝယ်ယူခြင်း
ချားလ်စ် မတ်တပ်ထရပ်ပြီး ရွိုင်ယန်အတွက် ဝိုင်နီတစ်ခွက်ငှဲ့ပေးလိုက်၏။ "ဥက္ကဋ္ဌဒရူး၊ ခင်ဗျား နောက်နေတာဖြစ်ရမယ်။ ကွာရှင်းပြီးနောက်မှာတောင် သူမက ခင်ပွန်းဟောင်းဆီကနေ တစ်ပြားတစ်ချပ်တောင် မရခဲ့ပါဘူး။ သူက ကပ်စေးနှဲကော်တရာမို့၊ ကျနော့်ဘေဘီကို ဘယ်လိုလုပ်ကူညီပေးမှာလဲ။"
"မင်းတပြားတချပ်တောင် မရခဲ့ဘူးလား" ရွိုင်ယန်သည် သူ့မျက်နှာတွင် အနည်းငယ် ထိတ်လန့်နေသည့်အကြည့်ဖြင့် သူမကို စိုက်ကြည့်လာသည်။
"ဟုတ်တယ်လေ။ ဒါတောင် အကုန်မဟုတ်သေးဘူး။ သူမက ပိုင်ဆိုင်မှုပစ္စည်း ဒါမှမဟုတ် ကားတောင်မရဘူး၊ ဒါကြောင့် ကျနော့်ဘေဘီကို အကြင်နာတရားထားလို့ အချိန်လေးနဲနဲပိုပေးပြီး ခင်ဗျားရဲ့စီးပွားရေးလုပ်ငန်းကို သူမကိုရောင်းပေးရင်ကော။" ချားလ်စ်က ဆိုနီယာ၏ပုခုံးကိုဖက်ပြီး ပြောလိုက်သည်။
သို့သော် ဆိုနီယာက သူ့လက်ကိုတွန်းဖယ်လိုက်သည်။ "ဥက္ကဋ္ဌဒရူး၊ သူရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို လျစ်လျူရှုလိုက်ပါ။ ကျမကသာ ဘာမှ မလိုချင်တဲ့သူပါ။"
ရွိုင်ယန်သည် သူ့ဝိုင်ခွက်ကိုယူကာ တစ်စုံတစ်ခုပြောတော့မည့်အချိန်တွင် စုံတွဲတစ်တွဲသည် သူတို့ဆီသို့ လက်ချင်းတွဲလျက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
"ဥက္ကဋ္ဌဒရူး၊ ရှင့်ကိုဒီမှာတွေ့ရတာ အံ့သြစရာပဲ။ တိုက်တိုက်ဆိုင်ဆိုင် မစ်ရိစ်ဒ် နဲ့ မစ္စတာလိန်းလည်း ရောက်နေတာဘဲ။" ဟု တီနာက သူတို့ကိုနှုတ်ဆက်ရင်း ရှက်သွေးဖြာစွာဖြင့်ပြုံးလိုက်သည်။
ထိုအချိန်တွင် ချားလ်စ်သည် ပျင်းရိစွာ အကြောဆန့်လိုက်သည်။ "ဒါက ငါတို့အတွက်တော့ ကံဆိုးတာဘဲ။ငါက မင်းတို့နှစ်ယောက်ကို တွေ့တောင်မတွေ့ချင်တာကို။"
တီနာ၏မျက်နှာအမူအရာ တုံ့ပြန်မှုမှာ တင်းမာသွားသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။ "မစ္စတာလိန်း၊ ရှင့်ရဲ့စကားတွေက ခါတိုင်းလိုပဲ တပြားမတန်အောင် ရိုင်းရိုင်းစိုင်းစိုင်းပြောတတ်လွန်းတာဘဲ။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
