Unicode
အပိုင်း ၇၀။ ကိုယ်ဝန်ရမှာကြောက်ရွံ့ခြင်း
"သူဘာလို့မေးမှာလဲ" အရင်းခံသက်ရောက်မှုများကို သတိမမူမိဘဲ ချားလ်စ်သည် သူ၏ပါးစပ်ကိုဖွင့်လိုက်သည်နှင့်ပင် သူ၏မသိနားမလည်မှုက ပေါ်လာသည်။
မျက်နှာကို လက်ဖဝါးတစ်ဖက်ကို မျက်နှာတခြမ်းပေါ်အုပ်ပြီးနောက် ဆိုနီယာသည် ထုံထိုင်းသောအမူအရာကို လုပ်ပြကာ ရှင်းပြသည်။ "တီနာ အခုဆေးရုံတင်ထားရတဲ့အချက်နဲ့ပတ်သတ်ပြီး တိုဘီရဲ့မေးခွန်းတွေနဲ့သက်ဆိုင်မှာကိုစိုးမိတယ်။ တီနာရဲ့ပျောက်ဆုံးမှုက သူမပြန်ပေးဆွဲခံရတာကြောင့်ဖြစ်နိုင်သလို ပြန်ပေးဆွဲသူကတော့ ငါတို့နဲ့သိတဲ့သူလည်းဖြစ်နိုင်တယ်။"
"ဘာ?" ချားလ်စ်သည် ထိုထုတ်ဖော်ပြောဆိုမှုကြောင့် ထိတ်လန့်သွားသည်။
ဆိုနီယာက သူမ၏နှုတ်ခမ်းများကို မျဉ်းတဖြောင့်တည်းဖြစ်အောင် တင်းတင်းစေ့ထားလိုက်၏။ "တီနာ ငါ့ကိုထိခိုက်နာကျင်စေခဲ့တာအတော်ကြာပြီ၊ ဒါပေမယ့် တီနာ ဆေးရုံတက်ပြီးတာနဲ့ တိုဘီက ငါတို့ကိုမေးခွန်းထုတ်ဖို့ ရွေးချယ်ခဲ့တယ်။ တီနာကို တစ်ယောက်ယောက်ကပြန်ပေးဆွဲပြီး လက်စားချေဖို့ကြံစည်နေတယ်လို့ သူ သံသယရှိနေတာထင်ရှားပါတယ်။" ထိုအကြောင်းကြောင့် အစောပိုင်းက တိုဘီ၏သံသယဖြစ်နေသောမျက်နှာကိုကြည့်ရင်း သူမ၏နှလုံးသားက နာကျင်ကိုက်ခဲသွားရ၏။
ဆိုနီယာ၏ထင်မြင်ယူဆချက်ကို နားထောင်ပြီးနောက် အခြေအနေကို ဖမ်းမိလိုက်ရာ ချားလ်စ်၏အကြည့်များသည် ခဏတာမျှတုန်လှုပ်သွားခဲ့သည်။ "ငါတို့တော့ ပြီးသွားပြီ။ ကားလ်က အဖြစ်အပျက်ကိုသိတဲ့တစ်ဦးတည်းသောလူဖြစ်ကြောင်း တိုဘီကို မင်းပြောခဲ့တယ်။ ကားလ်က တီနာကိုပြန်ပေးဆွဲခဲ့တဲ့သူဖြစ်ပြီး အဲ့အကြောင်းရင်းကပဲ သူမဆေးရုံတက်ရတာလို့ သူကထင်သွားလောက်တယ်။"
"ငါတို့အပြင် အမှန်တရားကိုသိတဲ့သူက ကားလ်တစ်ယောက်ပဲရှိလို့ ဒီအဖြစ်အပျက်နောက်ကွယ်မှာ သူရှိနေခဲ့မှာလားလို့ ငါတွေးနေမိတယ်။ ဒါဆို မဖြစ်ဘူး။ ငါ သူ့ကိုမေးမှရမယ်။" ဆိုနီယာသည် ကားလ်ကိုဖုန်းခေါ်ရန် သူမအိတ်ထဲမှဖုန်းကိုထုတ်ယူလိုက်သည်။ ထိုအချိန်တွင် ချားလ်စ်သည် မမြင်နိုင်လုနီးပါးရှိသော မလုံမလဲအကြည့်ဖြင့်လှည့်ကာ သူမကိုခိုးကြည့်လိုက်သည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Lãng mạnဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
