အပိုင်း ၅၄

697 39 14
                                        

Unicode
အပိုင်း ၅၄။ ငန်းက တော်တော်ချစ်ဖို့ကောင်းပြီး အဲဒါက ခင်ဗျားကို ပိုချဉ်းကပ်ရလွယ်တဲ့ပုံရတယ်လေ။

ထိုစကားကိုကြားသောအခါ တိုဘီ၏အမူအရာ မည်းမှောင်သွားသည်။ မကြာခင်မှာပင် ချားလ်စ်က သူတို့ဆီ ပြေးသွားပြီး ဆိုနီယာဆီ ရောက်လာ၏။ "ဘေဘီ၊ မင်းအဆင်ပြေရဲ့လား။"

"အင်း၊အဆင်ပြေတယ်။ "

"အဲဒါကောင်းတယ်" ချားလ်စ်က ရေရွတ်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် စိတ်မရှည်သောလေသံကို ပြန်ပြောင်းကာ ကုန်းစောင်းပေါ်ရှိလူကို အော်တော့သည်။ "ဟေး၊ မစ်ဂရေး၊ မြန်မြန်ဆင်းလာလို့ရမလား"

တီနာ နှင်းလျှောစီးပြီး ရောက်လာသည်နှင့် သူက ပက်ကနဲ့ပြောလိုက်သည်။ "ဖြစ်ပျက်ခဲ့သမျှကို ငါမြင်တယ်၊ အဲဒါကို မင်းငြင်းမယ်မကြံနဲ့၊ မင်းက ဆိုနီယာကို တွန်းပစ်လိုက်တာ!"

"ငါ့ဦးထုပ်ကြောင့် ငါ့အမြင်ကဝါးနေလို့ပါ။" တီနာ သူမ၏နှုတ်ခမ်းကိုကိုက်ကာ ဆိုနီယာကိုတောင်းပန်လိုက်၏။ "ရှင့်ကိုမတော်တဆ တွန်းမိတဲ့အတွက် တောင်းပန်ပါတယ်၊ မစ်ရစ်ဒ်။"

"ဆိုနီယာက မင်း ရှေ့တည့်တည့်မှာရှိနေခဲ့တာ၊ ဘေးဘက်မှာ ရှိနေခဲ့တာ မဟုတ်ဘူး။ မင်း သူမကိုမမြင်ရလောက်အောင် ကန်းနေတာလား။" ချားလ်စ်က လက်မြောက်ကာ တီနာ့မျက်လုံးရှေ့ ဝှေ့ယမ်းပြလိုက်သည်။ "မစ်ဂရေး၊ မင်း ကန်းသွားပြီလား။ မင်း မျက်လုံးကိုကုပေးဖို့ ငါ ဆရာဝန်ညွှန်းပေးရမလား။"

"ဒါဆို လုံလောက်ပြီ!" တိုဘီက မကျေနပ်သောလေသံဖြင့် ပြောလိုက်၏။ "ငါ မစ်ရိစ်ဒ်ကို ခုလေးတင် ကယ်ပေးခဲ့ပြီး တီနာကလည်း သူမကိုတောင်းပန်ခဲ့ပြီးပြီ။"

သို့သော်လည်း ချားလ်စ်က အေးစက်သောအပြုံးကို ထုတ်ဖော်ပြီးတုံ့ပြန်သည်။ "ဥက္ကဋ္ဌဖူလာ၊ ဒီလမ်းကြောင်းက ဘယ်လောက် မတ်စောက်တယ်ဆိုတာ မင်း ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒီအချိန်မှာ ငါ့ဘေဘီက နှင်းလျှောစီးတာကို ခုမှ စသင်နေတဲ့သူပဲလေ။ အကယ်၍ မစ်ဂရေးဆီကနေ တွန်းချခံရပြီး သူမကို ဘယ်သူမှမကယ်ခဲ့ရင်၊ သူမကသာ တောင်ကုန်းပေါ်ကနေ လှိမ့်ဆင်းသွားခဲ့မယ်ဆိုရင် အရိုးကျိုးသွားမှာပဲ။ မင်းရည်းစားက ဆိုနီယာကိုသတ်ဖို့ ကြံစည်ခဲ့တာလို့ ငါယူလို့ရလား။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now