အပိုင်း ၈၄

498 28 0
                                        

Unicode
အခန်း 84 ရင်းနှီးသောစာအိတ်တစ်လုံး

"သူ့ကိုစစ်ဆေးစရာမလိုပါဘူး။ သူက အဲလိုအကြိုက်ဆုံးဖြစ်နေမှတော့ သူ့ဘာသာသူ အဲ့အတိုင်းနေပါစေပေါ့။" ဂျင်းန်သည် ကြမ်းတမ်းပြီးဝမ်းနည်းသည့်လေသံဖြင့် ပြောနေသော်လည်း တိုဘီ အပေါ်ထပ်သို့တက်သွားသည်ကို မဆွဲထားပေ။ တိုင်လာသည် သူမ၏သားအရင်းဖြစ်သည်။ နောက်ဆုံးတွင် သားသမီးအပေါ် ရက်စက်ကြမ်းကြုတ်စွာပြုမူနိုင်သည့် မိခင်တစ်ယောက်မှမရှိပါ။ တိုဘီသည် ဂျင်းန်ပြောသောစကားက အမှန်တကယ် ရင်ထဲကလာသည့်စကားမဟုတ်ကြောင်း သိနေသောကြောင့် သူသည် သူ့စကားဆုံးပြီးနောက် လှေကားဆီသို့ ဦးတည်သွားခဲ့သည်။

"တံခါးဖွင့်၊ တိုင်လာ" တိုဘီသည် တိုင်လာ၏တံခါးအပြင်ဘက်တွင် ရပ်လိုက်ပြီး သူ့လက်ဆစ်များဖြင့် တံခါးကိုခေါက်လိုက်သည်။ တိုင်လာကတံခါးဖွင့်လိုက်သည်နှင့် သူ၏ရောင်ရမ်းနေသောမျက်လုံးများက တိုဘီကိုနှုတ်ဆက်နေခဲ့သည်။  "တိုဘီ" တိုင်လာကရေရွတ်လိုက်သည်။

"စောနက ငိုနေခဲ့တာလား။" တိုဘီမျက်ခုံးပင့်လိုက်သည်။

တိုင်လာသည် သူ့မျက်လုံးများကို အသည်းအသန်ပွတ်သပ်ရန် လက်နှစ်ဖက်ကို အလျင်အမြန်မြှောက်လိုက်သည်။ "မဟုတ်ဘူး၊ ကျနော်မငိုခဲ့ပါဘူး။" သူကခံပြင်းနေတဲ့လေသံနဲ့ပြန်ဖြေ၏။ သူ့စကားများက တိုဘီ၏မျက်နှာပေါ်ကို အနည်းငယ်ပြုံးနေစေသော်လည်း တိုဘီသည် သူ့လိမ်လည်မှုကို မဖော်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။  "ငါ အထဲဝင်ပြီးစကားပြောလို့ရမလား?" ထိုအစား တိုဘီကမေးလိုက်သည်။

"ရတာပေါ့" တိုင်လာက ခေါင်းညိတ်ပြပြီး တိုဘီအခန်းထဲကိုဝင်လာဖို့ ဘေးဖယ်လိုက်ကာ တိုဘီဝင်လာပြီးနောက် တိုဘီနောက်ကိုလိုက်သွားခဲ့သည်။
“ကျနော့်ကို ဘတ်စကက်ဘောမှာ အာရုံစိုက်ထားဖို့ အမေ့ကိုကူပြောပေးမယ်လို့ ကတိပေးထားတယ်မဟုတ်လား ၊ အမေက ကျနော့်ကိုအသင်းကနေနှုတ်ထွက်ဖို့ မြည်တွန်တောက်တီးနေပြီး အခုလေ့ကျင့်ရေးဆင်းဖို့တောင် ခွင့်မပြုဘူး။ U17 လူငယ်အဖွဲ့ပြိုင်ပွဲက သဘက်ခါမှာကျင်းပတော့မှာဖြစ်ပြီး ကျနော့်ရဲ့လေ့ကျင့်ရေးကိုလည်း ပျက်ကွက်နေရတယ်။ ကျနော့်နည်းပြက ကျနော့်ကိုစိတ်ဆိုးနေတယ်။" တကယ်တော့ တိုင်လာ၏နည်းပြက သူ့ကိုအစောကတင်ဖုန်းဆက်ပြီး လေ့ကျင့်ရေးထပ်မံလွဲချော်ခဲ့ရင် အသင်းကနေ ထုတ်ပစ်မယ်လို့ပြောခဲ့တာဖြစ်သည်။ တိုင်လာသည် ဘတ်စကက်ဘောအသင်းသို့ဝင်ရောက်ရန် များစွာ အားထုတ်ခဲ့ပြီး သိပ်မကြာသေးခင်မှာပင် သူကန်ထုတ်မခံရချင်ပေ။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now