အပိုင်း ၉၈

738 51 6
                                        

အခန်း (98) စင်သီယာအဖမ်းခံရပြီ။

"ဟေး၊ တီနာ" စင်သီယာ၏အသံက ပြတ်တောင်းပြတ်တောင်းဖြစ်သွားကာ "အခု ငါဘာလုပ်ရမလဲ၊ ဆိုနီယာက ငါ့ကိုတရားစွဲတော့မယ်။"

တီနာက အဲတာဖြစ်လာမှာကိုလည်း ကြိုမမြင်ခဲ့တာကြောင့်ခေါင်းကိုက်နေခဲ့သည်။ "ကောင်းပြီ စင်သီယာ။ နင် စိတ်ပူစရာမလိုပါဘူး။"

"ဘယ်လိုလုပ်စိတ်မပူဘဲနေမှာလဲ။" စင်သီယာကတုန်လှုပ်ချောက်ချားစွာဖြင့် ခြေဆောင့်လိုက်သည်။  "သူမက ငါ့ကိုစွဲချက်တင်ပြီးတာနဲ့ ငါ့မှတ်တမ်းမှာအပြစ်အနာအဆာတစ်ခုရှိသွားလိမ့်မယ်။ အဲလိုဖြစ်လာရင် အထက်တန်းစားလူ့အဖွဲ့အစည်းကလူတွေက ငါ့ကိုဘယ်လိုမြင်မလဲ။"

ရာဇ၀တ်မှုမှတ်တမ်းရှိသူကို ၎င်းတို့၏ဇနီးအဖြစ် မည်သူမှလက်ခံမည်မဟုတ်ပေ။ အကယ်၍ သူမသည် စတုန်းလုပ်ငန်းစုကိုကူညီရန်အတွက် ချမ်းသာသောမိသားစုတွင်လက်မထပ်နိုင်ပါက သူမ၏ဖခင်သည် သူမအားမုန်းတီးပြီး သူ၏တရားမ၀င်သမီးကို အိမ်သို့ပြန်ခေါ်လာလိမ့်မည်ဖြစ်သည်။

စင်သီယာ ထိုအကြောင်းကိုပိုတွေးလေ၊ သူမပိုကြောက်လေဖြစ်သည်။ သူမက ဖုန်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ "တီနာ၊ နင်ငါ့ကိုကယ်မှရမယ်။ ငါကနင့်အတွက် ဒါတွေအကုန်လုံးကိုလုပ်ပေးခဲ့တာ။"

တီနာက စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကိုကိုက်လိုက်သည်။ သူမက ငါ့အတွက်လုပ်ပေးခဲ့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဆိုနီယာကိုကူညီဖြေရှင်းပေးသင့်တယ်လို့ပဲ ငါသူမကိုပြောခဲ့တယ်လေ၊ ဒါပေမယ့် သူမကိုဒီလိုလုပ်ဖို့ကို ငါမဆိုလိုခဲ့ပါဘူးနော်။ တီနာက တွေးနေသော်လည်း ထုတ်မပြောနိုင်ပေ။ ထိုအစား သူမသည်အတင်းပြုံးလိုက်သည်။ "ငါသိပါတယ်။ ငါနင့်ကို ဒီအရှုပ်ထဲကနေခေါ်ထုတ်ပေးပါ့မယ်။"

"ကောင်းတယ်! အဲလိုကြားရတော့ကောင်းလိုက်တာ!" စင်သီယာကပျော်သွားပြီးမေးသည်။ "စကားမစပ် တီနာ၊ ဥက္ကဋ္ဌဖူလာဆီက အသနားခံတာကိုတောင်းပေးမယ်လို့ နင်ပြောခဲ့တယ်မဟုတ်ဘူးလား။ သူသာကူညီချင်စိတ်ရှိနေသရွေ့ ဆိုနီယာကဘာမှလုပ်လို့မရပါဘူး။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now