အပိုင်း ၇၉

729 46 3
                                        

Unicode
အခန်း (79) ရင်းနှီးသောလည်ဆွဲ

ဘာလုပ်ရမယ်ဆိုတာ ငါ ဘယ်လိုလုပ်သိမလဲ။ ဒီအကြောင်းကိုသာ ငါသိခဲ့ရင် အခုအချိန်မှာ ငါအရမ်းစိတ်ပူမနေဘူး။  ထရိုင်ဒါတွေ တစ်ခုခုဖြစ်သွားမယ်ဆိုတာကို ဆိုနီယာဘယ်လိုသိတာလဲ။  တီနာသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဆိုနီယာ ထွက်ခွာသွားသည့်လမ်းကြောင်းကိုလှမ်းကြည့်ရင်း သူမ၏မျက်လုံးများက နက်မှောင်နေသည်။

ထိုအချိန်တွင် ဆိုနီယာသည် ဇိန့်၏အကူအညီဖြင့် ခွဲစိတ်ခန်းသို့ ရောက်လာသည်။ ဌာနရှိဆရာဝန်က သူမကိုတွေ့တော့ အံ့သြသွား၏။ "မနေ့ညက ခင်ဗျားခေါင်းပတ်တီးလာလဲပြီးသွားပြီမဟုတ်ဘူးလား။ ဘာလို့ထပ်ရောက်နေတာလဲ။"

ဆိုနီယာသည် ဆရာဝန်က သူမကိုမှတ်မိနေမည်ဟု မမျှော်လင့်ထားသောကြောင့် ကိုးရိုးကားယားနိုင်စွာဖြင့်သူမ၏လည်ချောင်းကို ရှင်းလိုက်သည်။ "ဒီတစ်ခါ ကျမခြေထောက်ကို စစ်ဆေးဖို့လာခဲ့တာပါ။"

"ခင်ဗျားခြေထောက်လား?" ဆရာဝန်က အောက်ကိုငုံ့ပြီး စားပွဲထောင့်ပတ်ကာ သူမခြေထောက်ကိုလှမ်းကြည့်သည်။  သူမခြေကျင်းဝတ်ရောင်ရမ်းနေတာကို မြင်လိုက်ရတော့ သူက စာနာစိတ်နှင့်ခေါင်းခါလိုက်၏။ "မစ်၊ ခင်ဗျားကတကယ်ကံဆိုးနေတာပဲ၊ ခင်ဗျားရဲ့ဦးခေါင်းဒဏ်ရာက မသက်သာသေးခင် ခြေကျင်းဝတ်ကလည်သွားတယ်။ ခင်ဗျား မကောင်းဆိုးဝါးအရင်နှင်လိုက်တာပိုကောင်းမယ်။"

"ခွီး!" သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ဇိန့်ကရယ်မောလိုက်သည်။

ဆိုနီယာသည် ဆရာဝန်ပြောသည့်စကားကြောင့် နီရဲသွားပြီး ဇိန့်၏ရယ်မောသံကို ကြားလိုက်သောအခါ သူမသည် ပို၍ပင်ဒေါသဖြစ်သွားသည်။ ထို့ကြောင့် သူမသည် သူ၏ခါးကို တံတောင်ဆစ်ဖြင့် တွတ်လိုက်သည်။  "ပါးစပ်ပိတ်ထား!"

"အွတ်!" ဇိန့်ကနာကျင်စွာနဲ့ သူ့ခါးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာက ဝေဒနာဖြင့်ဖျော့တော့နေ၏။ "အမိိုးသမီးလေး၊ မင်း ပြင်းပြင်းထန်ထန်တိုက်လိုက်တာပဲ!"

"ရှင်က ကျမကိုရယ်နေလို့ အဲဒါနဲ့ထိုက်တန်တယ်။" ဆိုနီယာက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now