Unicode
အပိုင်း ၅၈။ ဒါကို မင်းလုပ်ခဲ့တာလား
ဒီအနံ့က ရေချိုးခန်းထဲမှာ ငါ့လက်ပေါ်ပေနေခဲ့တဲ့ ရေချိုးဆပ်ပြာအနံ့နဲ့တူတယ်။ ဆိုနီယာရဲ့ရေချိုးဆပ်ပြာရနံ့ကိုလည်းပဲ ဘာလို့ဒီနေရာမှာရနေတာလဲ။ မဟုတ်မှ ဒီရေချိုးဆပ်ပြာဂျယ်လ်က အစကတည်းက သူမဟာ မဟုတ်လောက်ဘူး။ ငါတို့အပြင်မထွက်ခင်မှာ ဒီရေချိုးခန်းကိုသုံးတဲ့သူက တီနာဖြစ်ပြီး ရေချိုးဆပ်ပြာဂျယ်လ်ပိုင်ရှင်က ဆိုနီယာ ချော်လဲသွားအောင်လုပ်ခဲ့တာဘဲ။
သူ့လက်ထဲက ရေချိုးဝတ်စုံကို တင်းတင်းဆုပ်ကိုင်ရင်း တိုဘီသည် သန့်စင်ခန်းထဲမှ ရေချိုးဆပ်ပြာဂျယ်လ်ဗူးကို အေးစက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ဗူးသည် ဖောက်ထွင်းမြင်ရသောကြောင့် အတွင်းတွင် ရေချိုးဆပ်ပြာဂျယ်လ်က ထက်ဝက်ခန့်သာ ကျန်ရှိတော့သည်ကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ကျန်သောတစ်ဝက်က ဘယ်ရောက်သွားလဲဆိုသည့်အဖြေက ရှင်းပါသည်။ ကြောက်စရာကောင်းသော အမူအရာဖြင့် သူသည် သူ့လက်ထဲမှရေချိုးဝတ်စုံကို ဖယ်လိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
ဧည့်ခန်းအပြင်ဘက်တွင် တီနာသည် ဆိုဖာပေါ်တွင်ထိုင်ကာ ဂျင်းန် နှင့် ဖုန်းပြောနေသည်။ သူ့ခြေသံကိုကြားသောအခါ သူမမော့ကြည့်လိုက်တော့ အဲဒီလူ၏အေးစက်စက်မျက်နှာကို မြင်လိုက်ရ၏။ ချက်ချင်းဆိုသလိုပင် သူမနှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားသွားသလို ခံစားလိုက်ရပေမယ့် သူမမျက်နှာပေါ် အတင်းပြုံးပြကာ "တိုဘီ၊ ရှင် ရေချိုးပြီးပြီလား။"
သူဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ ငါ့ကိုစိုက်ကြည့်နေတာလဲ။ "တီနာ သမီးဘာလို့ဘာစကားမှမပြောတာလဲ။" ဂျင်းန်၏ ကျယ်လောင်သောအသံကို ဖုန်းထဲတွင် ကြားနေရသည်။
သူမကိုယ်သူမ ငြိမ်သက်သွားစေပြီးနောက် တီနာက ပြုံးပြီးပြန်ပြောသည်။ "မဒမ်ဝှိုက်၊ နောက်ကျနေပြီ၊ အန်တီ အနားယူဖို့လိုနေပြီဆိုတော့ ကျမ ဒီလောက်ပဲ ဖုန်းချလိုက်မယ်။ နောက်တစ်ကြိမ်မှ တွေ့မယ်နော်!"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
