အခန်း (99) နစ်နာကြေး
"ဟင့်အင်း၊ မလိုက်ဘူး။" စင်သီယာကခေါင်းယမ်းရင်း နောက်ပြန်ဆုတ်သွားသည်။
ပြင်းပြင်းထန်ထန်ဖြင့် ရဲတပ်ဖွဲ့ကထပ်ပြောသည်။ “မင်းငါတို့နဲ့မလိုက်ဘူးဆိုရင် မင်းကိုဖမ်းရလိမ့်မယ်၊ အဲဒါက မင်းကိုနောက်ထပ် စွဲချက်တစ်ခုထပ်တိုးမှာနော်။"
ထိုကြေငြာချက်ကြောင့် ထိတ်လန့်သွားပြီး စင်သီယာကဖုန်းကို သူမနားသို့ပြန်ကပ်လိုက်သည်။ "တီနာ၊ ရဲတွေကငါ့ကိုဖမ်းဖို့လာနေပြီ။ ငါ့ကိုကူညီပါ၊ ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ။"
သို့သော် အခြားတစ်ဖက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိပေ။ စင်သီယာက ဖုန်းကိုစစ်ကြည့်လိုက်တော့ ခေါ်ဆိုမှုပြီးဆုံးသွားပြီဆိုတာသိလိုက်သည်။ ထိုအခိုက်တွင် သူမသည် စိတ်ပျက်အားငယ်စွာဖြင့် ကြမ်းပြင်ပေါ်သို့လဲကျသွားခဲ့၏။ ရဲများသည် အကြည့်ချင်းဖလှယ်ကြပြီး စင်သီယာကိုခေါ်သွားလိုက်တော့သည်။
"မင်္ဂလာပါ မစ်ရိစ်ဒ်။" ရဲကားထဲဝင်ပြီးနောက်၊ အစောပိုင်းက ၎င်း၏ ID ကိုပြခဲ့သောရဲအရာရှိက ဆိုနီယာထံဆက်သွယ်ခဲ့သည်။ "တရားခံကိုဖမ်းထားပြီးသွားပါပြီ။"
"နားလည်ပြီ။ ကျေးဇူးတင်ပါတယ်။" ဆိုနီယာကပြုံးကာဖြင့် ကျေးဇူးတင်ကြောင်းပြောပြီး ဖုန်ချလိုက်သည်။
ချားလ်စ်ကကော်ဖီခွက်ကို သူမရှေ့မှာချလိုက်ပါတယ်။ "ဘယ်သူလဲ?"
"ရဲ" ဆိုနီယာကကော်ဖီကိုသောက်လိုက်သည်။
ချားလ်စ်ကသဘောပေါက်သွား၏။ "စင်သီယာကိုဖမ်းတဲ့အကြောင်းလား။"
ဆိုနီယာခေါင်းညိတ်၏။ "အင်း"
ထိုစကားကိုကြားသောအခါ ချားလ်စ်ကရယ်မောလိုက်သည်။ “ငါစုဆောင်းထားတဲ့သတင်းကနေ စင်သီယာရဲ့အဖေက သူမကိုချမ်းသာတဲ့မိသားစုနဲ့လက်ထပ်နိုင်မယ်လို့ မျှော်လင့်ထားခဲ့တယ်။ ဒီဆန္ဒကတော့ အခုအခြေအနေနဲ့ဆို ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ဘူးလို့ထင်တယ်။ သူမဖမ်းဆီးခံရမှုက စတုန်းလုပ်ငန်းရဲ့ပုံရိပ်ကို ထိခိုက်စေမှာဖြစ်လို့ ဥက္ကဌစတုန်းက သူမကိုမုန်းတီးသွားမှာပဲ။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
