အပိုင်း ၇၈

543 27 0
                                        

Unicode
အခန်း (78) ဘေးဥပဒ်သည် ထရိုင်ဒါတို့ထံရောက်လာသည်။

တီနာ၏မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ သူကအဲဒါကို ဝန်ခံလိုက်တယ်။ သူက ဆိုနီယာကို တကယ်လိုက်ပိုးနေတာလား။
တီနာအပြင် မယ်လိုဒီနှင့်စင်သီယာတို့လည်း အံသြသွားကြသည်။ တကယ်တော့ မယ်လိုဒီက ဇိန့်ကိုအရူးတစ်ယောက်ကို စိုက်ကြည့်နေသလိုမျိုးစိုက်ကြည့်နေခဲ့၏။ သူတို့နှစ်ဦးစလုံးသည် ဂုဏ်သိက္ခာရှိသောမိသားစုများမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် မယ်လိုဒီသည် တစ်ကြိမ်ကွာရှင်းပြတ်စဲခဲ့ပြီးသော အမျိုးသမီးတစ်ဦးကို ချစ် နေခြင်းအတွက် သူ့ကိုအထင်သေးသွားခဲ့သည်။ သူသည် အထက်တန်းစား လူ့အဖွဲ့အစည်းအားလုံးကို အရှက်ကွဲစေသည်။

"မစ္စတာကိုးလ်မန်း၊ ရှင်ဒီလိုလုပ်သင့်တာသေချာလား? မစ်ရိစ်ဒ်က..." တီနာက ဆိုနီယာနဲ့ပတ်သက်ပြီး မပြောထွက်သင့်သည့် တစ်စုံတစ်ရာရှိနေသလိုမျိုး နှုတ်ခမ်းကိုကိုက်လိုက်သည်။

ဆိုနီယာက မယုံသက်ာဖြင့် ညည်းတွားလိုက်သည်။ "ဆက်ပြောပါ မစ်ဂရေး။ မင်းငါ့အကြောင်း ဘာပြောချင်တာလဲ။ မင်း တစ်ခုခုကိုဖုံးကွယ်ထားသလိုမျိုး ပြောနေရင်းတန်လန်းမှာ နောက်ကနေလိုက်ပြီး ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ခဲ့ကြောင်း ဇိန့်ကိုပြောပြဖို့ ကြိုးစားနေတာလား။"

ဆိုနီယာသည် သူမ၏ရည်ရွယ်ချက်ကို တိုက်ရိုက်ထုတ်ပြလာလိမ့မည်ဟု မထင်သောကြောင့် တီနာက သတိလက်လွတ်ဖြစ်သွားကာ ထိတ်လန့်သွားသည်။ ထို့ကြောင့် သူမကိုယ်သူမအတွက်ရှင်းပြရင်း ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး၊ ငါဆိုလိုတာက အဲလိုမဟုတ်ပါဘူး၊ မစ်ရိစ်ဒ်က တိုဘီရဲ့ဇနီးဟောင်းဖြစ်ပြီး ရှင်က တိုဘီရဲ့ သူငယ်ချင်းပါ၊ ဒါကြောင့် မစ်ရိစ်ဒ်ကို လိုက်တာက အကြံကောင်းမဟုတ်ဘူးလို့ပါ။"

"မဟုတ်ဘူး၊ အဲဒါက အကြံကောင်းတစ်ခုလို့ငါထင်တယ်။" ဇိန့်ကပြုံးပြီး ငြင်းဆန်သည်။ "ဆိုနီယာက တိုဘီရဲ့ ဇနီးဟောင်းဆိုပေမယ့် သူတို့ကကွာရှင်းပြီးသားမို့ ငါသူမကိုလိုက်တယ်ဆိုတာ သာမန်ပါပဲ။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now