အပိုင်း ၆၉

604 34 8
                                        

Unicode
အပိုင်း ၆၉။ သံသယဝင်ခြင်း

"ပြောပါ၊ ငါ့သမီးကိုလွှတ်ပေးဖို့ မင်းရဲ့ သတ်မှတ်ချက်ကဘာလဲ။" ထိုက်ဒပ်စ်သည် ဖန်သားပြင်မှဖြတ်ကာ မြေခွေးမျက်လုံးကို စိုက်ကြည့်နေသည်။

မြေခွေးမျက်လုံးက သူကိုင်ထားသောဝိုင်ဖန်ခွက်ကိုချလိုက်သည်။ "စိတ်မပူပါနဲ့။ ခင်ဗျားသမီးကို ကျုပ်ဘာမှမလုပ်ပါဘူး။ ကျုပ်ပြောသလိုပဲ ခင်ဗျားသမီးကို သင်ခန်းစာပဲပေးမှာပါ။ သူမနားလည်သွားပြီဆိုရင် လွှတ်ပေးမှာပေါ့။"

ထို့နောက် သူကလက်ညိုးထိုးလိုက်သည်။ တီနာဘေးရှိမျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက သူမနောက်တွင်သွားရပ်ကာ သူမကိုစတင်ပြီးလက်ဖြင့်စမ်းသပ်ရှာဖွေလာသည်။ "ငါ့ကိုလွှတ်ပေးပါ၊ ငါ့ကိုလွှတ်! ငါ့ကိုမထိနဲ့ ထွက်သွား! ငါနဲ့ဝေးဝေးမှာနေစမ်း။ အိုး၊ တိုဘီ၊ ကျမကိုကယ်ပါ!"

ဒေါသတကြီးဖြင့် တိုဘီသည် ကော်ဖီစားပွဲပေါ်လက်သီးဖြင့်ထိုးလိုက်ပြီး အော်ပြောသည်။ "တီနာကိုလွှတ်စမ်း!"

ဂျူလီယာနဲ့ ထိုက်ဒပ်စ်နှစ်ယောက်စလုံးကပင် မြေခွေးမျက်လုံးကိုရပ်တန့်ဖို့ တောင်းပန်နေပေမယ့်လည်း သူကတော့ တုန့်ဆိုင်းနေခြင်းမရှိခဲ့ပေ။ "ခင်ဗျားတို့ရဲ့သမီးနဲ့ ခင်ဗျားရဲ့စေ့စပ်ထားတဲ့သူက အနှိပ်စက်ခံနေရတာကိုမြင်တဲ့အခါ ခင်ဗျားတို့နှလုံးသားတွေ နာကျင်နေရလိမ့်မယ်။ သူမက ဆိုနီယာကို ဒီလိုလုပ်တုန်းက ငါ့ခံစားချက်တွေကိုစဉ်းစားပေးဖူးရဲ့လား။" မြေခွေးမျက်လုံး၏အကြည့်များတွင် ရက်စက်သောအလင်းတန်းတစ်ခု ဖြတ်ပြေးလာသည်။ "ဆက်လုပ်ထား၊ ဂျမ်ဘို!"

"ဟုတ်ကဲ့ပါဆရာ" သူ့အမိန့်ကိုလက်ခံပြီးတာနဲ့ မျက်နှာဖုံးစွပ်ထားတဲ့လူက သူ့လုပ်ရပ်တွေကို ရဲရဲတင်းတင်းဆက်လုပ်သည်။ သူမကိုစမ်းသပ်ရှာဖွေဖို့ သူ့လက်ကို သူမအဝတ်အောက်ကနေလှမ်းကိုင်လိုက်သည်။

"မင်း ခွေးမသား!" တိုဘီကတတ်နိုင်ရင်  သူ့ကိုသတ်ပစ်ချင်နေပြီး၊ ဂရေးတို့က အငွေ့တလူလူဖြင့်ဒေါသထွက်နေကြသည်။

ထိုက်ဒပ်စ်သည် မြေခွေးမျက်လုံးကိုစိုက်ကြည့်နေသည်။ "မင်း ငါ့သမီးကို တစ်ခုခုလုပ်ဝံ့ရင် ငါ့အသက်ကိုဆုံးရှုံးရရင်တောင် ငါဆိုနီယာကိုဖျက်ဆီးပစ်မယ်လို့ ငါ့နာမည်ကိုတိုင်တည်ပြီးကျိန်ဆိုတယ်။ ငါမင်းကို ငါနဲ့အတူဆွဲချပစ်မယ်။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now