အပိုင်း ၇၂

648 35 5
                                        

Unicode
အပိုင်း ၇၂။ အာမခံထုတ်ခြင်း

"ဘာတွေဖြစ်နေတာလဲဆိုတာ ရှင်မကြာခင်သိရမှာပါ။" ဆိုနီယာ လှောင်ပြုံးပြုံးလိုက်သည်။ ခဏနေတော့ ဓာတ်လှေကားဆီမှခြေသံများကြားလိုက်ရသည်။ မိနစ်အနည်းငယ်အတွင်း ယူနီဖောင်းဝတ်လုံခြုံရေးအစောင့်လေးယောက် သူတို့သုံးယောက်ရှေ့ရောက်လာသည်။ တိုင်လာသည် အဖြစ်အပျက်များ၏အလှည့်အပြောင်းနှင့်အတူ အရာများကထိန်းချုပ်မှုမှ လွတ်လာနေသည်ကို သဘောပေါက်သွားသည်။ သူ့ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ဖုန်းခေါ်ဆိုရန်ထိုနေရာကိုကျောခိုင်းလိုက်သည်။

သူ့တုံ့ပြန်မှုကို သတိပြုမိသောအခါတွင် ဆိုနီယာသည် သူမည်သူ့ကိုခေါ်နေမှန်း သိသော်လည်း မတားခဲ့ပေ။ ယင်းအစား၊ သူမသည် ဂျင်းန်ကို လက်ညှိုးထိုးပြရင်း လုံခြုံရေးအစောင့်အား အခြေအနေကိုရှင်းပြခဲ့သည်။
“သူမက မနက်စောစော ကျမတံခါးကို ကြမ်းကြမ်းတမ်းတမ်းလာခေါက်ပြီး ကျမရဲ့ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ခြိမ်းခြောက်တယ်။ ဒါ့အပြင် ကျမဖုန်းကိုတောင်ရိုက်ချိုးလိုက်ပြီး ဥစ္စာပစ္စည်းပျက်ဆီးစေခဲ့တာလည်းပါသေးတယ်။  သူ့(မ)ကိုဖမ်းပြီး ရဲစခန်းကိုပို့ချင်တယ်။"

ထိုစကားကိုကြားပြီးနောက် ဂျင်းန်သည် ဆိုနီယာကို စတင်ကာစော်ကားပြောဆိုလာခဲ့သည်။ "နင် ဘယ်လိုတောင်ညစ်​ပတ်​ရဲရတာလဲ ခွေးမ။"

"ဒီအချိန်မှာတောင် သူ(မ)က ကျမကိုစော်ကားနေသေးတယ်။ ရှင်တို့ သူ့ကို ချက်ခြင်းဖမ်းပေးဖို့ တောင်းဆိုတယ်။"  ဆိုနီယာက ဂျင်းန်စကားကိုဖြတ်ပြောလိုက်၏။

"ဟုတ်ကဲ့ မစ်ရိစ်ဒ်။" လုံခြုံရေးအစောင့်များက ဂျင်းန်ကိုဖမ်းဖို့ အမိန့်ထုတ်ပြီး ဓါတ်လှေကားဆီ ဆွဲခေါ်သွားသည်။

"အမေ!" ဘာလုပ်ရမည်မှန်းမသိဖြစ်နေချိန်တွင် တိုင်လာသည် တစ်ဖက်မှမကိုင်သေးသော ၎င်း၏ဖုန်းကိုကြည့်လိုက်ပြီးနောက် လုံခြုံရေးအစောင့်များဆွဲခေါ်သွားသည့် သူ၏မိခင်အား ကြည့်ရှုလိုက်သည်။

တစ်ချိန်တည်းမှာပင် ဂျင်းန်သည် လုံခြုံရေးအစောင့်များ၏ ခပ်တင်းတင်းချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့သောကြောင့် သူမသည် ဆိုနီယာကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်ကာ ခေါင်းကိုသာလှည့်ရင်းဖြင့် မျိုးစုံဆဲဆိုနေခဲ့သည်။ ဆိုနီယာသည် ချမ်းသာသောအမျိုးသမီးတစ်ဦးက ထိုကဲ့သို့ ယုတ်ညံ့သောစကားများကို ပြောနိုင်လိမ့်မည်ဟုမထင်မှတ်ထားပေ။ ဒင်ကနဲ့အသံမြည်ကာ ဓာတ်လှေကားတံခါးက ပိတ်သွားသည်။ နောက်ဆုံးတွင် ဂျင်းန်၏အော်သံသည်လည်း စင်္ကြံမှပျောက်ကွယ်သွားတော့၏။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now