Unicode
အပိုင်း ၅၉။ သူတို့၏ကိုယ်ပိုင်ဆန္ဒအရ တောင်းပန်ခြင်း
ဆိုနီယာက သူမ၏ဖြူဖျော့နေသောနှုတ်ခမ်းကို တွန့်ကွေးကာ ပြောသည်။ "ငါက ငါ့ဘာသာငါ လဲကျသွားတာ ဒါပေမဲ့ ဒီကိစ္စက အပြင်ပန်းမြင်နေရသလို မရိုးရှင်းဘူးလို့ ငါ ခံစားရတယ်။"
"ဘေဘီ၊ မင်း တစ်ခုခုကို သံသယရှိနေတာမျိုးရှိလား။" ချားလ်စ်က သူမကိုကြည့်ရင်းမေးသည်။
သူမခေါင်းညိတ်လိုက်သည်။ "ငါ ရေချိုးခန်းထဲကထွက်လာတဲ့အချိန်မှာချော်နေတဲ့အရာတစ်ခုခုပေါ်ကို နင်းမိလိုက်လို့လဲကျသွားတာ။ ငါ ကြမ်းပြင်ပေါ်မှာလဲနေတုန်းက ရေချိုးဆပ်ပြာလိုအနံ့တစ်မျိုးမျိုးရခဲ့တယ်။"
"ရေချိုးဆပ်ပြာက ဘာလို့ မင်းရေချိုးတဲ့အခန်းရှေ့မှာ ရှိနေတာလဲ။" သူ့မျက်လုံးများက အံ့သြလွန်းသဖြင့် ပြူးကျယ်သွားလေသည်။
"ငါ့မှာလည်း သဲလွန်စမရှိဘူး။"
သူ၏မှေးစေ့ကိုပွတ်သပ်ရင်း သူက အတွေးထဲနစ်မြောနေခဲ့သည်။ "တစ်ယောက်ယောက်က ဖြတ်သွားရင်း ရေချိုးဆပ်ပြာဗူးပြုတ်ကျသွားပြီး မင်း အခန်းရဲ့တံခါးမှာများဖိတ်ကျသွားလို့ မင်းက ကံဆိုးသွားပြီး အဲအပေါ်ကို နင်းမိသွားတာများလား။"
သူမ၏မျက်လုံးများကို မှေးကျဥ်းကာ သူမကဖြေသည်။ " ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲဒီဟာက ဖြစ်နိုင်ခြေနည်းတယ်။"
"မင်း ဘာလို့ အဲလိုပြောတာလဲ?"
သူ့ကို ခေါင်းခါပြပြီး ဆိုနီယာက ပြန်ဖြေသည်။ "ဘာလို့ဆို ငါ ရေချိုးနေတုန်း တစ်ခုခုပြုတ်ကျတဲ့အသံ ဘာမှမကြားလို့လေ။"
ပြောရမည်ဆိုပါက သူမ၏တံခါးရှေ့တွင် တစ်စုံတစ်ဦးက ရေချိုးဆပ်ပြာရည်အား ရည်ရွယ်ချက်ရှိရှိဖြင့် ခိုးကြောင်ခိုးဝှက် လာလောင်းချထားခြင်းပင်။ ချက်ချင်းပင် ချားလ်စ်က မတ်တပ်ထရပ်လိုက်၏။ "ဒါဆို တီနာပဲ ဖြစ်ရမယ်။ ဒီအပန်းဖြေစခန်းမှာ သူမနဲ့ တိုဘီ သူတို့နှစ်ယောက်ကသာ ငါတို့ရဲ့ ရန်သူတွေပဲ၊ တိုဘီက အမျိုးသမီးအခန်းကိုဝင်လို့မရမှတော့ သူမပဲကျန်တော့တယ်။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
