အပိုင်း ၇၇

617 38 5
                                        

Unicode
အပိုင်း ၇၇။ ပိုးပန်းသူ

ဆိုနီယာနှင့် တိုဘီတို့မော့ကြည့်သောအခါတွင် ဇိန့်သည်ကားသော့ကို လက်ချောင်းပေါ်တွင်လှည့်ကာ သူတို့ဆီသို့လျှောက်လာသည်ကို တွေ့လိုက်ရသည်။ တိုဘီသည် ဇိန့်နှင့်ဆိုနီယာတို့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်ရင်း မျက်လုံးများကိုကျဥ်းမြောင်းလိုက်သည်။ သူမကိုလာခေါ်ဖို့ ဘာကြောင့် ဇိန့်ကိုခိုင်းရတာလဲ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်အချိန်ကစပြီး ဒီလောက်ထိတိုးတက်လာတာလဲ။

တစ်ဖက်တွင်၊ ဇိန့်သည် တိုဘီကိုမြင်ရသည့်အတွက် အံ့အားသင့်သွားသည်။  "မင်းဘာလို့ ဥက္ကဋ္ဌရိစ်ဒ်နဲ့အတူရှိနေတာလဲ၊တိုဘီ။ မင်းတို့နှစ်ယောက် ချိန်းတွေ့နေတာလား။" သူက သူတို့နှစ်ယောက်ကို နောက်ပြောင်ပြီးလက်ညှိုးထိုးလိုက်သည်။

ရေခဲထုတ်ကို ဘေးဖယ်ထားပြီးနောက် ဆိုနီယာက သူ့ကိုမျက်စောင်းထိုးလိုက်သည်။ "အဓိပ္ပါယ်မရှိတဲ့စကားတွေပြောနေကိုရပ်လိုက်။ ငါက စီးပွားရေးညှိနှိုင်းမှုတစ်ခုလုပ်ဖို့ရောက်လာရင်း ဥက္ကဋ္ဌဖူလာကိုဝင်တိုးမိရုံပဲ။"

"အဲလိုလား?" ဇိန့်သည် မယုံကြည်နိုင်စွာဖြင့်မေးစေ့ကို ပွတ်သပ်လိုက်သည်။  တိုဘီက အဆိုပါပြောဆိုချက်ကို အတည်ပြုရန် သို့မဟုတ် ငြင်းဆိုရန် ဘာမှမပြောဆိုသည်ကိုမြင်တော့ ဇိန့်သည် ထူးမခြားနားသောအခြေအနေကြောင့်ငြီးငွေ့လာသည်။ ထို့နောက် ဆိုနီယာ၏ခြေကျင်းဝတ်ရောင်ရမ်းနေသည်ကို မြင်လိုက်ရသောအခါ သူလန့်သွားသည်။ "ဥက္ကဋ္ဌရိစ်ဒ်၊ မင်းခြေထောက် ဘာဖြစ်သွားတာလဲ။"

“ခြေကျင်းဝတ်တွေ အဆစ်လွဲနေတာ။” ဆိုနီယာကဒေါက်ဖိနပ်ကိုပြန်စီးရင်း ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။

ဇိန့် ကျွတ်သပ်လိုက်သည်။ "အဆစ်လွဲတာက တော်တော်ပြင်းထန်ပုံရတယ်။ မင်းအရိုးတွေ နာကျင်နေရမယ်။"

"ဆိုတော့ ရှင့်ရဲ့နောက်ထပ်တာဝန်က ကျမကိုဆေးရုံပို့ရမယ်။" ဆိုနီယာက ခေါင်းကိုမော့ကာ သူ့ကိုကြည့်သည်။
ဇိန့်သည် ဆိုနီယာ၏လက်အောက်ငယ်သားကဲ့သို့ ပြုမူနေသည်။ "ဟုတ်ကဲ့ပါ၊ ဘော့စ်!"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now