အခန်း (97) သူကသာအချစ်ရေးကိစ္စရှိနေတာ။
"ငါလည်း အဲလိုပဲထင်တယ်။ မစ်ရိစ်ဒ်ပြောခဲ့သလိုပဲ ဥက္ကဋ္ဌဖူလာက သူမကိုအလွယ်တကူငြင်းပယ်နိုင်ပြီး သူမက သူ့ကိုဘယ်တော့မှအတင်းအကျပ်ဖိအားပေးမှာမဟုတ်ပါဘူး။ သူမကိုမငြင်းပယ်ဘူးဆိုမှတော့ ဆိုလိုတာက သူမကိုစိတ်လိုလက်ရလက်ထပ်ခဲ့တာပေါ့။ အဲဒါကိုတွေးကြည့်တော့ လက်ထပ်ပြီးတဲ့နောက် သူမအပေါ် ဆက်ဆံပုံကလက်မခံနိုင်စရာပါပဲ။”
"ဒီထက်တောင်ပိုရှိသေးတယ်။ ဥက္ကဋ္ဌဖူလာက မစ်ဂရေးကိုတကယ်ကြိုက်လားဆိုတာကို ငါလည်းသံသယဖြစ်မိတော့တယ်။ တကယ်လို့ သူသာတကယ်ကြိုက်ရင် မစ်ရိစ်ဒ်ကိုလက်ထပ်ဖို့ သဘောတူမှာမဟုတ်ဘဲ မစ်ဂရေးသတိပြန်ရလာတဲ့အထိစောင့်လိမ့်မယ်။"
မနာလိုစိတ်ဖြင့်စိမ်းဖန့်နေသော တီနာသည် မှတ်ချက်များကိုဖတ်ရင်း သူမ၏နှုတ်ခမ်းကိုကိုက်လိုက်သည်။ ူတိုဘီအမြဲချစ်ခဲ့သောသူက ဆိုနီယာဖြစ်သည်ကို သူမကောင်းကောင်းသိသည်။ သူက တီနာကိုချစ်တယ်လို့ ယုံကြည်ဖို့ အထင်လွဲသွားရတဲ့ တစ်ခုတည်းသောအကြောင်းအရင်းကတော့ သူမဟာ သူနဲ့အပြန်အလှန်စာရေးဖော်ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်လို ဟန်ဆောင်နေတာကြောင့်ပင်။ သို့သော် ဆိုနီယာသည် အမှန်တကယ်ပင် သူနှင့်စာရေးဖော်ဖြစ်သည်ကိုသာသိသွားပါက သူမထံမှသူ၏အချစ်အားလုံးကိုပြန်ယူကာ ဆိုနီယာပေါ်သို့ပုံအောပေးလိုက်လိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် ဇိန့်သည်လည်းမှတ်ချက်များကိုဖတ်ပြီး သူ့ကိုစိတ်ရှုပ်ထွေးစေခဲ့သည်။ "တိုဘီ၊ ငါလည်းမင်းကနည်းနည်းတော့ ဆန်ကုန်မြေလေးကောင်လို့ထင်တာပဲ။ ဆိုနီယာပြောတာကိုကြားရုံနဲ့ကို သည်းမခံနိုင်စရာဖြစ်နေပြီကို သူမကခြောက်နှစ်လောက် သည်းခံနိုင်ခဲ့တယ်။ အဲဒါကိုကြည့်ပြီး သူမကမင်းကိုတကယ်ချစ်ပေမယ့် မင်းနဲ့ကမထိုက်တန်ဘူးဘဲ။"
တိုဘီသည် သူ့နှလုံးသားကို တူဖြင့်ထုနှက်ခံနေရသကဲ့သို့ တိတ်ဆိတ်စွာ လက်သီးကိုဆုပ်ထားလိုက်သည်။ တစ်ချိန်လုံး သူမကို တီနာကမေ့မြောနေချိန်တွင် နေရာဝင်ယူခဲ့သော စက်ဆုပ်ရွံရှာဖွယ် အမျိုးသမီးတစ်ဦးအဖြစ် သူထင်နေခဲ့သည်။ ထို့ကြောင့် သူသည် သူမ၏တောင်းဆိုချက်ကို ငြင်းပယ်နိုင်ကြောင်း မသိစိတ်မှလျစ်လျူရှုခဲ့သည်။ဖူလာမိသားစုထဲတွင် သူမနေထိုင်ခဲ့ရသောဘဝအကြောင်းကို သူသိသော်လည်း သူမကိုကူညီရန် ဘယ်တုန်းကမှမတွေးခဲ့ပါ။ ငါကသာ သူမအပေါ်ကိုအကြွေးတင်နေတဲ့သူပဲ။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
