Unicode
အပိုင်း ၆၇။ တီနာ ပျောက်ဆုံးခြင်း
ဆိုနီယာ မျက်ခုံးပင့်လိုက်သည်။ "မစ်ဂရေးကိုရှာနေတာဆိုရင် ရှင်ဘာလို့ဒီကိုရောက်လာတာလဲ၊ သူမက ရှင်နဲ့ရှိနေတာမဟုတ်ဘူးလား။"
"အမှန်ပဲ!" ချားလ်စ်က သဘောတူပြီး သူ့လက်နှစ်ဖက်ကို ပိုက်ထားလိုက်သည်။
တုံ့ပြန်သောအားဖြင့် တိုဘီသည် သူ၏မျက်လုံးများကို အောက်စိုက်ထားလိုက်သည်။ "သူမက ငါနဲ့ရှိနေတာမဟုတ်ဘူး။"
"ဘာ?" ချားလ်စ်သည် ခဏမျှရပ်တန့်ကာ ကျေနပ်စွာပြုံးပြလိုက်သည်။ "မင်း သူမကို ပျောက်သွားပြီလား" တိုဘီက အကြောင်းမပြန်ဘူး။ အစောကလို ရယ်စရာကောင်းသည့်အခြေအနေကို မတွေ့ရတော့ဘဲ ချားလ်စ်၏မျက်နှာမှ အပြုံးကပျောက်သွားပြီး အံ့သြတကြီးနှင့်မေးသည်။ "မင်း တကယ်ကြီးလား"
တိုဘီကိုကြည့်လိုက်ပြီး ဆိုနီယာက "ကျမတို့ သူ့ကိုဖွက်ထားမယ်ထင်လို့ ရှင် သူမကိုဒီမှာလာရှာတာလား။"
တိုဘီသည် သူမနှင့်အကြည့်ချင်းဆုံလိုက်သည်။ "သူမ သန့်စင်ခန်းသွားတာကနေ လုံးဝပြန်မလာတော့ပဲ၊ သူမနဲ့ပြဿနာဖြစ်ထားတဲ့လူက မင်းတို့နှစ်ယောက်ပဲရှိတာ။"
စိတ်ဆိုးတကြီးဖြင့် ချားလ်စ်ကကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ငါတို့က သူမနဲ့ပြဿနာဖြစ်ထားလို့ ငါတို့ သူမကိုဖွက်ထားတယ်လို့ မင်းထင်နေတာလား။ မင်းက ငါတို့ကို ငတုံးတွေလို့ထင်နေတယ်ပေါ့။ တစ်ခုခုသာဖြစ်လာခဲ့ရင် ငါတို့ကသံသယအရှိဆုံးလူတွေဖြစ်မယ်ဆိုတာ လူတိုင်းသိတယ်။"
တိုဘီသည် တိတ်တဆိတ် သူ၏နှုတ်ခမ်းကို စေ့ထားလိုက်သည်။ အမှန်တော့ ဒီနေရာမှာ တီနာရှိနေဖို့ အခွင့်အလမ်းကမမြင့်ဘူးဆိုတာ သူလည်းသိပါသည်။ ထို့ကြောင့် သူသည် ကံကောင်းထောက်မစွာဖြင့် တီနာကိုရှာတွေ့လိမ့်မည်ဟု မျှော်လင့်မိရုံသာပင်။
"ဥက္ကဋ္ဌဖူလာ" ဆိုနီယာသည် ချားလ်စ်၏အင်္ကျီအစွန်းကိုဆွဲကာ သူ့ကိုဘေးပို့လိုက်ပြီး တိုဘီထံသို့သွားလိုက်သည်။ "သန့်စင်ခန်းမှာ ကျမ သူမနဲ့ဝင်တိုးမိခဲ့တာ ဝန်ခံပါတယ်၊ ဒါပေမယ့် ကျမက သူမထက်အရင်ထွက်သွားခဲ့တာမို့ သူမ ဘယ်ကိုထွက်သွားမှန်း မသိလိုက်ဘူး။ သန့်စင်ခန်းနဲ့နီးတဲ့နေရာတွေရဲ့ စောင့်ကြည့်ဗီဒီယိုကို ရှင် စစ်လို့ရပါတယ်။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
