အခန်း (94) ရှင်ကမြေခွေးမျက်လုံးလား?
"မင်းပြောတာမှန်တယ်ထင်တယ်။ နောက်မှစာနယ်ဇင်းသမားတွေကို ဆက်သွယ်လိုက်မယ်။ ငါမင်းကို ဘေဆိုက်အိမ်ရာကိုပြန်ပို့ပေးမယ်။ မင်းရဲ့ဒီခြေထောက်တွေနဲ့ကားမောင်းလို့မရဘူး။" ချားလ်စ်က သူ့ကားသော့ကိုထုတ်လိုက်သည်။
သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်မည့်အစား ဆိုနီယာကညည်းညူကာသဘောတူလိုက်သည်။ ကားထဲမှာထိုင်နေရင်း သူမရဲ့ဖေ့စ်ဘုတ်မှာ ပိုစ့်အသစ်တစ်ခုကိုတင်လိုက်၏။ “မနက်ဖြန် မနက်ဆယ်နာရီ ကျမကုမ္ပဏီမှာသတင်းစာရှင်းလင်းပွဲလုပ်ပါမယ်။
ကျမရဲ့ရည်ရွယ်ချက်က ကျမ၊ ဖူလာအုပ်စုရဲ့ဥက္ကဌဖူလာနဲ့ ထရိုင်ဖို့ဒ်လုပ်ငန်းက မစ်ဂရေးတို့ကြားဖြစ်ပျက်ခဲ့တာတွေကိုရှင်းပြဖို့ဖြစ်ပါတယ်။ ကျေးဇူးပြုပြီးစောင့်ကြည့်ပေးကြပါ။"
အဖြစ်အပျက်က ကသောင်းကနင်းဖြစ်နေပြီးသားဆိုတော့ အင်တာနက်သုံးစွဲသူတော်တော်များများက ဆိုနီယာရဲ့အကောင့်ကို စာရင်းသွင်းထားကြပြီးဖြစ်နေကြသည်။ အခုသူမရဲ့စာကိုပိုစ့်တင်လိုက်တာနဲ့ သူမရဲ့ပိုစ့်အောက်မှာ မှတ်ချက်ပေးနေကြတာသဘာဝပင်။
"ဝိုး၊ ဒါက သူမနာမည်ကိုရှင်းမယ်လို့ဆိုလိုတာလား။"
"ငါလောင်းကြေးထပ်တယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာက ချမ်းသာတဲ့သူတွေရဲ့ နာမည်ကိုရှင်းဖို့ဘုံနည်းလမ်းတစ်ခုပဲ။"
"မင်းလုပ်နေသမျှက မင်းကိုယ်မင်းအတွက် အာရုံစိုက်ခံရဖို့ မလိုအပ်တဲ့လှုပ်ရှားမှုတွေလုပ်နေတာပဲ။ အဲဲဒါက မင်းရဲ့ခင်ပွန်းဟောင်းကိုနှောင့်ယှက်ခဲ့ဖူးတဲ့အချက်တစ်ချက်ပဲမဟုတ်ဘူးလား။ ဟဟ။"
ဆိုနီယာသည် ထိုဆိုးရွားသော မှတ်ချက်များကိုဖတ်ပြီးနောက် သူမ၏လှပသောမျက်ခုံးများကို ပင့်လိုက်သည်။ သူတို့ကိုပြန်ပြောနေမယ့်အစား ဖေ့စ်ဘုတ်ခ်အကောင့်ကနေထွက်လိုက်မှဘဲ အဲတာတွေတစ်ခုမှကို သူမမမြင်ရတော့ပါဘူး။ နောက်ဆုံးတော့ အရာအားလုံးက မနက်ဖြန်မှာပြေလည်သွားမှာမို့လို့ သူမကိုဆဲရေးဖို့ကြိုးစားနေတဲ့သူတွေကိုဖြေရှင်းဖို့ သူမတစ်မိနစ်တောင် အချိန်မဖြုန်းချင်ပေ။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Любовные романыဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
