အပိုင်း ၆၄

609 34 2
                                        

Unicode
အပိုင်း ၆၄။ လက်ဆင့်ကမ်းနည်းဗျူဟာများ

"သူက အရမ်းမြန်မြန်ကို ရောက်လာတာပဲ။" ချားလ်စ်က သူ၏မျက်နှာပေါ်တွင် ပျင်းရိနေသောအကြည့်ဖြင့် ဆုံလည်ကုလားထိုင်ကိုလှည့်လိုက်သည်။

စာရွက်စာတမ်းကိုပိတ်ကာ ဘေးပို့လိုက်ပြီး ဆိုနီယာကပြောသည်။ "သူ့ကိုဝင်ခိုင်းလိုက်။"

"ဟုတ်ကဲ့" ဒက်ပ်ဖနီကပြန်ဖြေသည်။ အလျှင်အမြန်ပင် ထိုက်ဒပ်စ်က အခန်းထဲဝင်လာပြီး သူက ဆိုနီယာကိုစူးစူးစိုက်စိုက်ကြည့်လာသည်။

ဆိုနီယာက အလုပ်ခွင်ထဲကတိုက်ခိုက်မှုများကို ကျင့်သားရနေပြီးဖြစ်သောကြောင့် ၎င်းက သူမကိုစိတ်အနှောက်အယှက်မဖြစ်စေဘဲ သူမရှေ့ကထိုင်ခုံကိုညွှန်ပြရင်း သူ့ကိုအပြုံးသာပေးလိုက်၏။ "ကျေးဇူးပြုပြီးထိုင်ပါ ဥက္ကဋ္ဌဂရေး။"

"မင်းကြည့်ရတာ တည်ငြိမ်နေတာပဲ!" သူကဒေါသတကြီးဖြင့် ချီးကျူးလုနီးပါးဖြစ်ကာ ထိုင်ခုံဆွဲထုတ်ပြီး သူမမျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

ထိုစဥ်တွင် ချားလ်စ်က သူမဘေးတွင်ထိုင်နေခဲ့သည်။ ထိုသို့ဖြင့် သူမက ဒက်ဖနီကို လုပ်ခိုင်းထားသည့် လက်ဖက်ရည်ကို ထိုက်ဒပ်စ်ထံသို့ ညင်သာစွာတွန်းပို့ပေးပြီးပြောလိုက်သည်။ "ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌဂရေး။  လက်ဖက်ရည်လေးသုံးဆောင်ပါဦးရှင်။"

သောက်ရန်ရည်ရွယ်ချက်လုံးဝမရှိသဖြင့် သူ၏ရှေ့ကလက်ဖက်ရည်ကို ငုံ့ကြည့်ရုံမျှသာကြည့်သည်။ မည်သို့ပင်ဆိုစေကာမူ သူမစိတ်ထဲမထားခဲ့ပါ။ သူမက လက်ချောင်းများကိုလိမ်ယှက်ကာစားပွဲပေါ်တင်ထားသည်။ "ဒီနေ့ ရှင်ပါရာဒိုင်းကုမ္ပဏီကိုလာရတာက ရည်ရွယ်ချက်ရှိလို့ပဲထင်တယ်နော်။"

"မင်းကမေးတဲ့အတွက် ငါ တည့်တည့်ပဲပြောမယ်။ ငါ မြို့လယ်ကမြေကွက်ကိုပြန်ယူမလို့။" ထိုက်ဒပ်စ်သည် သူမကို အနီးကပ်စိုက်ကြည့်လိုက်သည်။

သူမမျက်လုံးထောင့်ကနေမှ ချားလ်စ်နှင့်အကြည့်ချင်းဖလှယ်ပြီးနောက် သူမက ထိုက်ဒပ်စ်ကို ပြန်ကြည့်ကာပြုံးပြလိုက်သည်။ "ပြန်ယူမယ်? မဖြစ်နိုင်မှာပဲစိုးတယ်။ နောက်ဆုံးမှာတော့ အဲဒါကိုလွဲပြောင်းပေးပြီးပြီဖြစ်ပြီးတော့ ကျမကပဲ လုံးလုံးလျားလျားပိုင်ဆိုင်ထားတာပါ။ ရှင့်မြေကွက်မဟုတ်ဘူး ဒါကြောင့် ရှင်ကဘယ်လိုပြန်ယူနိုင်မှာလဲ။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now