Unicode
အခန်း 80 ရုပ်ချင်းဆင်တူသော
ဇိန့်ကပြန်ဖြေရင်း အပြုံးတစ်ခုနှင့်အတူ ပုခုံးတွန့်လိုက်သည်။ "ဘာမှမဟုတ်ပါဘူး။ ငါ သူမကိုထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြောပြခဲ့တာပါ။"
"ကျမက အယုံလွယ်တဲ့သူတစ်ယောက်နဲ့တူနေလို့လား?" ဆိုနီယာသည် ဇိန့်ကိုစိုက်ကြည့်ကာ သူ့အဖြေကြောင့်ပြောစရာစကားမဲ့သွားသည်။
ကားကိုစက်နှိုးပြီးနောက် ဇိန့်ကအရေးနိမ့်သွားသည့်အမူအရာကိုပြကာပြောသည်။ "ဒါပေမယ့် ငါအမှန်တိုင်းပြောနေတာ။ မင်းငါ့ကိုမယုံရင်တော့ ငါလည်းဘာမှမတတ်နိုင်ဘူး။"
"ဒါက အဓိပ္ပါယ်မဲ့တဲ့စကားတွေလိုပဲ။" ဆိုနီယာသည် မျက်ဆံလည်ကာ သူမ၏အကြည့်ကိုလွှဲလိုက်သည်။
ရုတ်တရက် ဇိန့်ကသူမကိုလှည့်ကြည့်လာသည်။ "ဥက္ကဋ္ဌရိစ်ဒ်၊ မင်းက ဂျူလီယာနဲ့ရုပ်ချင်းဆင်နေတာကို ငါ ခုလေးတင်သတိထားမိလိုက်တယ်။"
"ဟမ်?" ဆိုနီယာ အနည်းငယ်အံ့သြသွားသည်။ "ကျမက သူမနဲ့တူတယ်လား?"
"ဟုတ်တယ်"
"အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?" ဆိုနီယာ ခေါင်းခါလိုက်သည်။ "နောက်နေတာကိုရပ်လိုက်တော့!"
"ငါ နောက်နေတာမဟုတ်ပါဘူး၊ တကယ်ပြောနေတာ။ မင်းရဲ့မျက်နှာကျနဲ့မျက်လုံးပုံစံက သူမနဲ့တပုံစံထဲကိုတူတယ်။" ဇိန့်က လေးနက်စွာခေါင်းညိတ်ပြီး ထပ်လောင်းပြောလိုက်သည်။ "အင်း၊ သူတို့ကြည့်ရတာ အတူတူနီးပါးပါပဲ။ မင်းကို သူ့သမီးလို့ပြောရင်တောင် လူတွေကယုံလောက်တယ်။"
ဇိန့်ဟာ နောက်နေတာမဟုတ်ဘူးဆိုတာကို ဆိုနီယာက သေချာမသိခင်အထိ၊ သူမကိုထိတ်လန့်စေခဲ့၏။ သို့သော် မကြာမီ သူမတည်ငြိမ်မှုပြန်ရလာပြီး သူမလက်ကိုဝှေ့ယမ်းလိုက်သည်။ "ငါတို့ရဲ့ပုံပန်းသဏ္ဍာန်ဆင်တူနေတာက ဘာအဓိပ္ပါယ်မှမဟုတ်ပါဘူး၊ လောကမှာ ရုပ်ဆင်တူတဲ့သူတွေမှ အများကြီးရှိပါတယ်၊ ဒါကြောင့် အဲဒါကမထူးဆန်းပါဘူး။"
"မင်းပြောတာမှန်တယ်ထင်တယ်။" ဇိန့်ကဖြေသည်။ သူတို့နှစ်ယောက်လုံးက ထိုရှာဖွေတွေ့ရှိမှုကို စိတ်ထဲမထားခဲ့ကြတဲ့အတွက် မကြာခင်မှာပဲ မေ့ပျောက်သွားခဲ့ကြသည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
