အပိုင်း ၉၀

573 26 1
                                        

Unicode
အခန်း (90) တီနာနှင့်ပက်သက်နေသော တစ်စုံတစ်ရာ

တိုဘီက သူ၏ကိုယ်ပိုင်ပုခုံးကိုဖိလိုက်သည်။ "ငါဘာမှမဖြစ်ဘူး။"

"တကယ်လား" တိုင်လာက အနည်းငယ်စိုးရိမ်နေဆဲဖြစ်သည်။

တိုးဘီက ညည်းညူလိုက်၏။ "အင်း"

"ဒါဆိုကောင်းတာပေါ့။" တိုင်လာကသက်ပြင်းတစ်ချက်ချလိုက်ပြီး ဆိုနီယာကိုစစ်ဆေးလိုက်၏။  "ခင်ဗျားကော ဆိုနီယာ?"

"ငါလည်းအဆင်ပြေပါတယ်။" ဆိုနီယာခေါင်းခါလိုက်သည်။ တိုဘီ၏အကာအကွယ်အောက်တွင် သူမသည်အန္တရာယ်မရှိခဲ့ပေ။

မျက်လုံးနီရဲစွာဖြင့် တိုင်လာသည် တိုဘီနှင့် ဆိုနီယာနှစ်ဦးစလုံး အဆင်ပြေကြောင်းသေချာပြီးနောက် ကိုဆိုဗိုအသင်းမှကစားသမားများကိုစူးစူးဝါးဝါးလှည့်ကြည့်လိုက်သည်။ "လူယုတ်မာတွေ! ငါ့ကိုမနိုင်တာနဲ့ပဲ ညစ်ပတ်တဲ့လှည့်ကွက်တွေကို ဆွဲထုတ်လာတယ်ပေါ့။ ငါ သူတို့ကိုသင်ခန်းစာပေးမှရမယ်!"

တိုင်လာသည် ဒေါသအမျက်ကြီးစွာဖြင့် ကစားကွင်းထဲသို့ပြန်လည်ဝင်ရောက်လာရင်း လက်သီးများကိုတင်းတင်းဆုပ်ထားကာ ကိုဆိုဗိုအသင်းနှင့်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အဆုံးမှာတော့ သူ့အသင်းဖော်များက သူ့ကိုထိန်းထားသဖြင့် တိုက်ပွဲကအထမမြောက်ခဲ့ပေ။ ထိုသို့သာဖြစ်သွားခဲ့ပါက နှစ်သင်းစလုံးအား ပြိုင်ပွဲကနေတားမြစ်ခံရလိမ့်မည်ဖြစ်သည်။

"ရှင်တကယ်အဆင်ပြေရဲ့လား?" ဆိုနီယာ တိုဘီ၏ညည်းညူသံကို ကြားလိုက်ရသည်။ တိုင်လာနှင့်မတူဘဲ သူအဆင်ပြေသည်ဟု သူမမယုံကြည်ပါ။

သူမကိုလိမ်လို့မရမှန်းသိတော့ တိုဘီကရိုးရှင်းစွာသာပြောလိုက်၏။ "ဘောလုံးက ငါ့ပုခုံးကိုထိသွားပေမယ့် ငါအဆင်ပြေပါတယ်။"

"အဲလိုလား...." ဆိုနီယာက ပြောစရာစကားမဲ့သွားကာ သူမ၏မျက်တောင်များက တုန်ယင်သွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည်သူ့အားကြည့်ကာ သူမ၏စိတ်ခံစားချက်များကိုဖိနှိပ်ပြီးမေးလိုက်သည်။ "ရှင်ကျမကို ဒီအတိုင်းတစ်ယောက်တည်းထားခဲ့လို့ရသားနဲ့ ဘာလို့ကယ်ခဲ့တာလဲ။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now