အပိုင်း ၇၄

567 33 8
                                        

Unicode
အပိုင်း ၇၄။ နှစ်ခုထဲကတစ်ခု

တိုဘီက ခေါင်းခါသည်။ "ငါ သူမဘက် ရပ်တည်ဖို့မကြိုးစားပါဘူး၊ အမှန်တရားဘက်ကပြောနေရုံပဲ။"

"ဒါပေမယ့်-" ဂျူလီယာ၏အသံက မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

သို့သော်လည်း တီနာသည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နေရင်း သူမ၏အင်္ကျီလက်ကိုဆွဲကိုင်လိုက်သည်။ "အဆင်ပြေပါတယ် အမေ။ တိုဘီကသာမထင်ရင် မစ်ရိစ်ဒ်ကို သမီးလည်း သံသယဝင်စရာလူလို့မထင်ပါဘူး။"

တီနာ၏စကားကြောင့် တိုဘီက မျက်မှောင်ကြုတ်လိုက်သည်။  တစ်စုံတစ်ခုမှားယွင်းနေသည်ကို သူ ခံစားမိသော်လည်း ၎င်းကိုတိတိကျကျ အဓိပ္ပါယ်မဖော်နိုင်ပေ။ ဘေးနားတွင်၊ ဂျူလီယာသည် သူ့ကိုဒေါသတကြီးစိုက်ကြည့်ကာ တီနာ၏စကားနောက်မှ ဂယက်ရိုက်ခတ်နေမှုများကိုဖမ်းမိလိုက်၏။

ပြန်ပေးဆွဲသူက တီနာကိုလက်စားချေဖို့ မြေခွေးမျက်လုံးကို အမိန့်ပေးခဲ့တဲ့သူက ဆိုနီယာဖြစ်ကြောင်းကို တီနာက ငါတို့ကို ပြောထားပြီးသားပါ။ သို့တိုင် ဆိုနီယာအတွက်ရပ်တည်ခြင်းဖြင့် တီနာကို နာကျင်အောင်ပြုလုပ်ရန် သူ့တွင်သတ္တိရှိနေခဲ့သည်။ တီနာက သူ့ကိုကာကွယ်ပေးခြင်းနှင့်ပင် အဆုံးသတ်သွားခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က လူနာဆောင်တံခါးကို လာခေါက်သည်။  ၎င်းမှာတွမ်ဖြစ်ပြီး တံခါးဝမှာရပ်နေသည်။ "ဥက္ကဋ္ဌဖူလာ"

"ဘာကိစ္စလဲ?" တိုဘီက သူ့ပါးစပ်ကိုဟကာမေးလိုက်သည်။

တီနာကို စိုက်ကြည့်ပြီးနောက် တွမ်ကပြောသည်။ "ကားလ်လီ နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုရလဒ်တွေ ထွက်ပေါ်လာပြီ။"

တိုဘီ မျက်လုံးများကိုကျဥ်းမြောင်းလိုက်သည်။ "ငါ့ကိုအပြင်မှာစောင့်နေ။"

"ဟုတ်ကဲ့ပါဆရာ။" တွမ်သည် သူ၏ ညွှန်ကြားချက်များကို လက်ခံပြီးနောက် ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင် တိုဘီသည် တီနာ၏ဆုပ်ကိုင်ထားသောလက်ကို ဖယ်လိုက်သည်။ "ငါ အပြင်ခဏလောက်သွားရမယ် တီနာ။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now