အခန်း (95) သတင်းစာရှင်းလင်းပွဲ
မြေခွေးမျက်လုံးသည် တီနာကိုပြန်ပေးဆွဲခဲ့သူဖြစ်ပြီး သူက သူမ(ဆိုနီယာ)အား လိုက်ပိုးပန်းသူများထဲမှ တစ်ဦးဖြစ်ကြောင်း တိုဘီကဖော်ပြခဲ့သည်။ ထို့ကြောင့်၊ အမည်စာရင်း၏အဆုံးတွင် မြေခွေး၏ပရိုဖိုင်ပုံသည် ထိုလူ၏အထောက်အထားကိုဖော်ပြနေသည်။
"မြေခွေးမျက်လုံး?" ထိုလူက တခစ်ခစ်ရယ်သည်။ "ဒါဆို ခင်ဗျားကျနော့်ကိုရည်ညွှန်းတာမဆိုးပါဘူး ကျနော်ကြိုက်တယ်။"
ဆိုနီယာက သူ့ဝန်ခံချက်ကိုကြားတာနဲ့ မျက်မှောင်ကြုတ်သွားသည်။ "မြေခွေးမျက်လုံး ရှင်ကဘယ်သူလဲ?"
"ကျနော် အခုခင်ဗျားကိုမပြောနိုင်ပေမယ့် ခင်ဗျားကို ကျနော်ဘယ်တော့မှထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာကိုတော့ ခင်ဗျားစိတ်ချထားလို့ရပါတယ်။ ခင်ဗျားက ကျနော့်ရဲ့အလင်းရောင်မို့ ခင်ဗျားကိုကာကွယ်ဖို့ ကျနော်အသက်နဲ့ကတိပြုပါ့မယ်။"
မြေခွေးမျက်လုံးက ညင်သာသောလေသံဖြင့်ပြန်ဖြေသည်။ သူကအလေးအနက်ပြောနေမှန်းသိလိုက်ရတော့ ဆိုနီယာရှက်သွားသည်။ သူကတကယ်ပဲ ငါ့ကိုလိုက်ပိုးပန်းနေတဲ့သူဖြစ်နိုင်မလား။
ဖြစ်နိုင်ခြေကို သူမတွေးတောနေစဥ် မြေခွေးမျက်လုံးကစကားပြောလာသည်။ "ကောင်းပြီ နောက်ကျနေပြီမို့ ခင်ဗျားအနားယူသင့်ပြီ။ ကျနော်ခင်ဗျားကို ပြန်ဆက်သွယ်လိုက်မယ်။ ဂွတ်ဘိုင်!" ထိုသို့ပြောပြီး သူကဖုန်းချလိုက်၏။
သူမဖုန်းရဲ့ဖန်သားပြင်ကိုစိုက်ကြည့်နေရင်း ဆိုနီယာက သူမရဲ့လျှာဖျားမှမေးခွန်းကို ပြန်မျိုချလိုက်သည်။ အဆင်ပြေပါတယ်။ သူငါ့ကိုပြန်ဆက်သွယ်မယ်လို့ ပြောထားတာကြောင့် နောက်တစ်ကြိမ်မှထပ်မေးလိုက်မယ်။ ဒါပေမယ့် သူကဘယ်သူလဲ။ သူကဘယ်နေရာကနေမှန်းမသိပေါ်လာပြီး ငါ့အပေါ်အရမ်းကောင်းနေတော့ အစစ်အမှန်မဟုတ်သလို ခံစားရတယ်။
နောက်တစ်နေ့တွင် ချားလ်စ်၏ဖုန်းခေါ်ဆိုမှုကြောင့် ဆိုနီယာနိုးလာသည်။ "ဒါလင်၊ နိုးပြီလား ငါအောက်ထပ်ရောက်နေပြီ။" ချားလ်စ်သည် သူ့ရှေ့က အဆောက်အဦးကိုစစ်ဆေးရန် ခေါင်းကိုမော့ထားရင်း သူ၏အနီရဲရဲပြိုင်ကားကိုမှီနေလေသည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Lãng mạnဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
