အပိုင်း ၈၃

453 22 0
                                        

Unicode
အခန်း 83 ဖြည့်စွက်စာများ

“ကျမလည်းမသိဘူး” ဧည့်ကြိုကခေါင်းယမ်းရင်း ပြန်ဖြေသည်။

ဆိုနီယာက စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်နေပြီးပြောလိုက်သည်။ "ကောင်းပြီ၊ ငါ အခုအောက်ထပ်ကိုဆင်းလာပြီ။"

ဒက်ဖနီက သူမနောက်မှလိုက်လာစဉ်တွင်ဖုန်းကိုချပြီး သူမ၏လက်ကိုင်ဖုန်းကိုသိမ်းကာ ချိုင်းထောက်ဖြင့်ဓါတ်လှေကားဆီသို့သွားခဲ့သည်။ ပထမထပ်ရှိ ဧည့်ကြိုကောင်တာသို့ရောက်သောအခါ ဆိုနီယာက "အထုပ်က ဘယ်မှာလဲ။" ဟုမေးသည်။

ဧည့်ကြိုဝန်ထမ်းက ကတ်ထူပုံးကြီးတစ်ခုကိုထုတ်ယူလိုက်သည်။  "ဒီမှာပါ။"

ဆိုနီယာ၏အကြည့်သည် စားပွဲပေါ်ရှိအလုံပိတ်ကတ္ထူပုံးပေါ်တွင် ကျဆင်းသွားသော်လည်း အတွင်း၌ရှိသောအရာများကို သူမမမြင်နိုင်သည့်အပြင် အပြင်ဘက်တွင်လည်း ပေးပို့သူနှင့်ပတ်သက်သည့် အချက်အလက်တစ်စုံတစ်ရာမရှိနေပေ။

သူမလက်ကိုဆန့်ကာ ဒက်ဖနီသည် ထောင့်တစ်နေရာမှသေတ္တာကိုမလိုက်ပြီးပြောသည်။ "တော်တော်လေးကိုလေးတယ် ဥက္ကဋ္ဌရိစ်ဒ်!"

“ဖွင့်ပြီးကြည့်လိုက်။” ဆိုနီယာက ဧည့်ကြိုဝန်ထမ်းကို ညွှန်ကြားသည်။ ဖြတ်စက်ဖြင့် ဧည့်ကြိုသည်သေတ္တာကိုဖွင့်၍ သပ်ရပ်စွာထုပ်ပိုးထားသည့် ပုလင်းများဖြင့်ပြည့်နေသည်ကို လူတိုင်းတွေ့လိုက်ရသည်။

ပုလင်းတစ်လုံးကိုထုတ်လိုက်ပြီး ဒက်ဖနီသည် ၎င်းကိုကြည့်ကာ အံ့အားသင့်စွာပြောသည်။ "ဥက္ကဋ္ဌရိစ်ဒ်၊ ဒါက နိုင်ငံခြားမှာအကျော်ကြားဆုံး ဖြည့်စွက်စာဖြစ်ပြီး အရိုးတွေကိုကုသဖို့အတွက် အံ့မခန်းအောင်ကိုလုပ်ဆောင်ပေးပါတယ်။ တစ်ဗူးတည်းတင်ကို တစ်သောင်းကျော်ပေးရပါတယ်။ ဒီမှာ ပုလင်းဘယ်လောက်တောင်ရှိလဲ ကြည့်လိုက်ပါဦး။ ပေးပို့သူကတကယ်ကိုရက်ရောတာပဲ။"

ဥက္ကဋ္ဌရိစ်ဒ်အတွက် ဖြည့်စွက်စာတွေဝယ်ဖို့ အများကြီးအကုန်အကျခံတယ်ဆိုတော့ ပေးပို့သူက သူမရဲ့သစ္စာစောင့်သိတဲ့ပိုးပန်းသူဖြစ်ရမယ်လို့ သူမက ယူဆလိုက်သည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now