Unicode
အပိုင်း ၅၇။ ဆိုနီယာ အသက်ရှင်နေသေးတယ်။
စောင့်ကြည့်ရေးအခန်းအတွင်းတွင် ၎င်းတို့သုံးဦးသည် ဆိုနီယာနှင့် ချားလ်စ်တို့၏ လွန်ခဲ့သော တစ်နာရီခွဲခန့်က ရေပူစမ်းထဲသို့ ဝင်ခဲ့ကြသည်ကို တွေ့လိုက်ရသော်လည်း ထိုအချိန်မှစကာ ယခင်လူက ထွက်လာခြင်းမရှိတော့ပေ။ ဤအချက်မှပင် သူမသည် ရေပူစမ်းတွင် ရှိနေသင့်သည်မှာ သိသာထင်ရှားသည်။
"ငါ ရေပူစမ်းကိုသွားကြည့်မယ်!" ထိုသို့ဖြင့် ချားလ်စ်က ချက်ချင်းတံခါးအပြင်ကို ပြေးထွက်သွားသည်။
တီနာက ခေါင်းမော့ပြီး သူမဘေးက တိုဘီကိုကြည့်ရင်း သိမ်မွေ့သောအသံဖြင့်မေးသည်။ "တိုဘီ၊ ကျမတို့ သူ့နောက်လိုက်သင့်လား?"
"လိုက်သင့်တယ်!" သူက မျက်ခုံးပင့်ကာ ပြန်ပြော၏။ "သူမရဲ့ပျောက်ဆုံးမှုက မင်းနဲ့သက်ဆိုင်တယ်လို့ ချားလ်စ်က သံသယရှိတဲ့အတွက် မင်းရဲ့နာမည်ကို ရှင်းလင်းဖို့ သူ့နောက်ကိုလိုက်သွားပြီး ကူညီပေးရမယ်။ သွားရအောင်။"
သူမက ခပ်ဖျော့ဖျော့ပြုံးပြီး ပြန်ပြောသည်။ "ကောင်းပြီ၊ ရှင်ပြောတဲ့အတိုင်းလုပ်မယ်။" ရေပူစမ်းအဝင်ဝသို့ရောက်သောအခါ ချားလ်စ်က လုံခြုံရေးအစောင့်နှင့် ညှိနှိုင်းနေသည်ကို ကြားလိုက်ရသည်။
"လူကြီးမင်း၊ ရေပူစမ်းရဲ့လည်ပတ်ချိန်က ကုန်သွားပြီလို့ ကျနော်ပြောပြီးပြီ။ အထဲမှာ ဘယ်သူမှမရှိဘူး။" အစောင့်က ချားလ်စ်ရဲ့လမ်းကြောင်းကို ပိတ်ဆို့ပြီး သူ့ကိုမ၀င်နိုင်အောင် တားထားသည်။
ချားလ်စ်က သူ့ခေါင်းကိုကုတ်ရင်း တစ်ခုခုပြောတော့မည့်အချိန်မှာ ရေပူစမ်းတွင်းမှ ကျယ်လောင်သည့် အော်သံတစ်ခုကြားရပြီး အသံလာရာဆီကို လူတိုင်းအာရုံစိုက်လာကြသည်။
ထို့နောက်တွင် သန့်ရှင်းရေးအမျိုးသမီးတစ်ဦးသည် သူမကိုယ်သူမ တစ်ခုခုပြောနေရင်း ကြောက်လန့်တကြားပြေးထွက်လာသည်ကို လူတိုင်းတွေ့လိုက်ရသည်။ အစောင့်က သူမကိုဖမ်းဆွဲပြီး "ဘာဖြစ်တာလဲ" လို့ မေးသည်။
"တ-တစ်ယောက်ယောက် သေသွားပြီ!" သန့်ရှင်းရေးအမျိုးသမီးက တုန်ယင်နေသည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
