အပိုင်း ၉၆

794 56 6
                                        

အခန်း (96) မချစ်တော့ဘူး 

သတင်းစာရှင်းလင်းပွဲကျင်းပရာနေရာ၌ ဆိုနီယာသည် စင်သီယာကိုဆက်လက်ပစ်မှတ်ထားကာ ဆက်ပြောသည်။ “မစ်စတုန်းက ကျမကိုကွာရှင်းပြီးနောက် ခင်ပွန်းဟောင်းကိုနှောင့်ယှက်မှု၊ လွန်ခဲ့သောခြောက်နှစ်က ဥက္ကဋ္ဌဖူလာနဲ့မစ်ဂရေးတို့ရဲ့ဆက်ဆံရေးမှာ တတိယလူဖြစ်ခြင်းအပြင် ဥက္ကဋ္ဌဖူလာကနေ ကျမကိုလက်ထပ်စေဖို့ ကျမကဖိအားပေးခဲ့တယ်ဆိုပြီး ကျမနဲ့ပက်သက်တဲ့ပိုစ့်တင်ခဲ့ပါတယ်။ နောက်ဆုံးအချက်မကလွဲပြီး ကျန်တဲ့အရာအားလုံးက အမှားဖြစ်ကြောင်းကို ဒီနေရာမှာဘဲ ကျမကြေငြာလိုက်ပါတယ်။”

သူမပြောတာကိုကြားတာနဲ့ လူအုပ်ကအံ့သြသွားသည်။ ဂျာနယ်လစ်တစ်ယောက်က မတ်တပ်ထရပ်ပြီးမေးသည်။ "မစ်ရိစ်ဒ်၊ ဒါက ဥက္ကဋ္ဌဖူလာကို မင်းကိုလက်ထပ်ဖို့တကယ်ဖိအားပေးခိုင်းခဲ့တာလား။"

"ဟုတ်တယ်။" ဆိုနီယာသည် ခေါင်းညိတ်ကာဝန်မခံခင် သတင်းထောက်ကိုလှမ်းကြည့်လိုက်သည်။

တစ်ဖက်မှာတော့ ချားလ်စ်ကတုန်လှုပ်နေသည်။ "ဒါလင်၊ မင်းဘာတွေပြောနေတာလဲ။" ဒါကလူသိရှင်ကြားကြေငြာသင့်တဲ့အရာလား။

ထိုအချိန်တွင် ဖူလာအုပ်စု၏ရုံးခန်းတွင်ရှိသော တိုဘီသည်မျက်မှောင်မကြုတ်ဘဲမနေနိုင်ခဲ့ပေ။ ဇိန့်သည်ပင် ဆိုနီယာ၏ဆုံးဖြတ်ချက်ကို နားမလည်နိုင်ခဲ့ပါ။

"ဒါကမှန်ပေမယ့်၊ လူထုရဲ့ထင်မြင်ယူဆချက်တွေရဲ့ထိုးနှက်ခံရရင် ပါရာဒိုင်းကုမ္ပဏီက ပြိုလဲသွားမလားလို့ သူမ မစိုးရိမ်ဘူးလား။ တိုဘီ၊ သူမစိတ်ထဲမှာ ဘာတွေရှိနေမယ်လို့ မင်းထင်လဲ။"

ဇိန့်သည် တိုဘီဆီသို့တစ်ချက်ကြည့်လိုက်ရန် ခေါင်းကိုမြှောက်လိုက်သောအခါ ထိုလူကနှုတ်ခမ်းများကို ပါးလွှာသောမျဉ်းတစ်ဖြောင့်တည်းအဖြစ်သို့စေ့ထားသည်ကို တွေ့လိုက်ရသည် ။

ထိုအတောအတွင်းတွင်၊ တီနာသည်လည်း ဂရေးနေအိမ်၌ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေသည်။ ဆိုနီယာသည် တိုဘီကိုခြိမ်းခြောက်ခဲ့ကြောင်း ဝန်ခံသည်ကိုမြင်လိုက်ရသဖြင့် ဆိုနီယာသည် သူ့ကိုယ်ပိုင်သင်္ချိုင်းကိုတူးနေသည်ဟု သူမထင်သောကြောင့် သူမမျက်နှာပေါ် အပြုံးထင်လာခဲ့သည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now