အခန်း (100) စင်သီယာ၏မိခင်
တိုဘီကမတုန်လှုပ်သဖြင့် ဆိုနီယာက တံခါးကိုမပိတ်နိုင်ခဲ့ပါဘူး။ ဒေါသကြောင့် သူ့ကိုတွန်းထုတ်ဖို့ကြိုးစားပေမယ့် သူမခြေထောက်တစ်ဖက်ကမတ်တပ်ရပ်ဖို့ ခွန်အားမရှိတာကိုမေ့သွားသည်။ ထို့ကြောင့် တိုဘီကိုမတွန်းထုတ်ဘဲ ဟန်ချက်ပျက်ကာနောက်ပြန်လဲကျသွားခဲ့သည်။
တိုဘီသည် ထိုအရာကိုမြင်သောအခါ သူ၏သူငယ်အိမ်များက ကြောက်ရွံ့ထိတ်လန့်မှုဖြင့်ကျုံ့သွားသည်။ သူမကိုဖမ်းဆွဲဖို့ကြိုးပမ်းလိုက်ပေမယ့် စက္ကန့်ပိုင်းလောက်နှေးသွားတဲ့အတွက် သူမလက်ကိုလွတ်သွားလေသည်။ သူမကိုဖမ်းထားဖို့ပျက်ကွက်ခဲ့ရုံသာမကဘဲ သူမအနားမှာပင်လဲကျသွားလေသည်။
ဆိုနီယာသည် ဧည့်ခန်းရှိကော်ဇောပေါ်တွင်လဲကျလာသောအခါ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး တိုဘီ၏လက်မောင်းနှစ်ဖက်ကဆန့်ထုတ်ကာ သူမ၏ပုခုံးဘေးတွင်ထောက်ထားသည်။ သူမခန္ဓာကိုယ်ပေါ် အုပ်မိုးချိန်မှာတော့ သူ့ပုံစံကဒူးတစ်ဖက်ထောက်ထိုင်နေသည်။
သူတို့မျက်လုံးချင်းဆုံကြရင်း နှစ်ယောက်လုံးတောင့်တင်းသွားကြသည်။ ဆိုနီယာသည် ထိုသို့သောရလဒ်ကို ကြိုမတွေးထားသဖြင့် သူမ၏နှလုံးခုန်မြန်နေချိန်တွင်ရှက်သွားခဲ့သည်။ သူမအရက်မူးနေသောညကိုပြန်သတိရကာ တိုဘီ၏မျက်လုံးများကိုနက်မှောင်သွားစေသည်။
ထိုညက သူမသည်နတ်သမီးလေးကဲ့သို့ စွဲမက်ဖွယ်ကောင်းလေသည်။ ထိုအတွေးကြောင့် သူ၏ခန္ဓာကိုယ်အောက်ပိုင်းသို့ငုံ့ကြည့်လိုက်သောအခါတွင် အနည်းငယ်ဟနေသော သူမ၏နှုတ်ခမ်းများကိုစိုက်ကြည့်နေမိပြီး တိုဘီ၏ခန္ဓာကိုယ်ကိုပူလောင်စေကာ သူကတံတွေးမျိုချလိုက်လေသည်။ ထိုအချိန်တွင် ဆိုနီယာကဘာမှမထူးခြားစွာဖြင့် စကားပြောလိုက်သည်။ "ရှင်ကြည့်လို့ဝပြီလား၊ အခုထပေးလို့ရပြီလား။"
တိုဘီလန့်နိုးသွားသည်။ သူဘာလုပ်မိတော့မယ်ဆိုတာသိလိုက်တဲ့အခါ တောင့်တင်းလာပြီး သူ့နှုတ်ခမ်းများကတင်းမာသောမျဉ်းကြောင်းပုံစံပေါ်လာသည်။ "တောင်းပန်ပါတယ်။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
