အပိုင်း ၈၂

475 26 0
                                        

Unicode
အခန်း 82 ရှင်ကျမကိုမကြိုက်ဘူးလား?

မျက်လုံးများကိုငုံ့ထားရင်း တီနာသည် ဆိုးရွားသောအကြည့်ကိုဖုံးကွယ်ကာ ကြောက်လန့်နေသောအသံဖြင့်ပြန်ဖြေသည်။ "ငါ အဲ့လိုမလုပ်ခဲ့ပါဘူး။ နင်ငါ့ကိုအထင်လွဲနေပြီ မစ်ထရိုင်ဒါ! ငါ_"

"ဆက်မပြောနဲ့!"  မယ်လိုဒီက သူမကိုအေးစက်စွာဖြတ်ပြောလိုက်ပြီး သူမကိုလှောင်ပြောင်သည်။ "တီနာဂရေး၊ ငါ့စကားတွေကိုမှတ်ထားပါ၊ ငါတို့ကအခုသူငယ်ချင်းမဟုတ်တော့ဘူး၊ နင့်ကိုငါအလွှတ်မပေးဘူး။ နင်စောင့်နေ!"  ထိုသို့ပြောပြီး သူမဖုန်းချသွားသည်။

တီနာသည် သူမ၏ဆဲလ်ဖုန်းစခရင်ကိုစိုက်ကြည့်ရင်း သူမ၏နှုတ်ခမ်းများကိုစေ့ထားကာ မျက်နှာကအနည်းငယ်ဖြူဖျော့သွားသည်။ တကယ်တော့ သူမဟာ မနက်ကတည်းက ထရိုင်ဒါမိသားစုရဲ့ဖြစ်ပျက်ခဲ့တဲ့သတင်းကိုမြင်ခဲ့ပြီးသားဖြစ်ပြီး မယ်လိုဒီက သူမကိုအပြစ်တင်လာမည့်အတွက်လည်း ပြင်ဆင်ထားခဲ့ပါသည်။

သို့သော် မယ်လိုဒီသည် သူမအားဤမျှမုန်းတီးရန်မမျှော်လင့်ခဲ့ဘဲ သူမကိုအလွှတ်မပေးဘူးဟုပင် ခြိမ်းခြောက်ခဲ့သည်။

စိုးရိမ်ကြောင့်ကြစွာဖြင့် သူမ၏နှလုံးခုန်နှုန်းမြန်လာတာကြောင့် တီနာသူမ၏လက်သီးများကို တင်းကျပ်စွာဆုပ်ထားသည်။ ထရိုင်ဒါမိသားစုသည် ယခုအချိန်တွင်ဒုက္ခရောက်နေသော်လည်း ၎င်းတို့သည်လွမ်းမိုးမှုရှိနေဆဲဖြစ်ပြီး သူမနှင့်ဂရေးတို့ကို အလွယ်တကူကိုင်တွယ်ဖြေရှင်းနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် သူမသည်၎င်းနှင့်ပက်သက်ပြီး တစ်ခုခုလုပ်ရပေမည်။

ထိုသည်ကိုတွေးကာ သူမ၏အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး လက်မောင်းနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ပိုက်ထားလိုက်သည်။ သူမပါးပြင်ပေါ်သို့ မျက်ရည်များ ရုတ်တရက်စီးကျလာပြီး လက်ကိုင်အိတ်ကိုယူကာ အခန်းထဲက ထွက်လာခဲ့သည်။ ထို့နောက် ယာဉ်မောင်းအား ဖူလာအုပ်စုသို့မောင်းသွားရန် ညွှန်ကြားခဲ့သည်။

ဝန်ထမ်းများအားလုံးက သူမကိုသိနေကြသည့်အတိုင်း ဘယ်သူမှသူမကိုတားမနေတဲ့အတွက် အပေါ်ဆုံးထပ်ကို ချောချောမွေ့မွေ့ရောက်သွားပြီး တိုဘီရုံးခန်းတံခါးကိုဖွင့်လိုက်၏။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now