အပိုင်း ၆၆

658 37 0
                                        

Unicode
အပိုင်း ၆၆။ မေ့ဆေးပေးခံရခြင်း

ဆိုနီယာသည် အစိုးရနှင့်ဒီလောက်ချောချောမွေ့မွေ့ဖြစ်သွားလိမ့်မည်ဟု ဘယ်တုန်းကမှမမျှော်လင့်ခဲ့ပါ။ စာချုပ်ချုပ်ဖို့တစ်နာရီလောက်ပဲကြာခဲ့သည်။  နှစ်အနည်းငယ်ကြာ အခမဲ့မြေနေရာအသုံးပြုခွင့်အတွက် သူမအား ကျေးဇူးတင်ရှိသောကြောင့် သူမကိုစက်ရုံတည်ဆောက်ရန်နှင့် စက်ယန္တရား တပ်ဆင်ရန်ကူညီပေးမည်ဟုကတိပေးခဲ့သည်။

ဌာနကထွက်လာတော့ ကောင်းကင်က မှောင်နေပြီဖြစ်သည်‌။ အချက်ပေးသည့်အနေဖြင့် သူမဗိုက်ကကျယ်လောင်စွာသံစုံမြည်လာ၏။ ထိုသည်ကိုကြားတော့ ချားလ်စ်က သူမပုခုံးကိုလက်တစ်ဖက်နဲ့ သိုင်းဖက်လိုက်သည်။ "ငါတို့ညစာကို အသားကင်စားရင်ဘယ်လိုလဲ ဘေဘီ။"

"ရတယ်လေ" သူမက ခေါင်းညိတ်သဘောတူသည်။

"သွားကြရအောင်!" သူ့လက်မောင်းကို သူမပုခုံးပေါ်တင်ထားရင်းပင်၊ သူသည် သူတို့၏ကားဆီသို့ သူ့ခြေလှမ်းကိုရွေ့လျားသွားခဲ့သည်။

နာရီဝက်အကြာတွင် Seafield ၏ အကျော်ကြားဆုံး စားသောက်ဆိုင်တစ်ခုသို့ သူတို့ရောက်ရှိလာသည်။ အထဲကို လျှောက်သွားရင်း ဆိုနီယာက သူမနောက်မှရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရ၏။ "မစ်ရိစ်ဒ်၊ မစ္စတာလိန်း၊ ကျမတို့ထပ်တွေ့ကြပြန်ပြီနော်။"

ချက်ချင်းပင် ဆိုနီယာ၏အပြုံးသည် မှေးမှိန်သွားသည်။ မယဥ်မကျေးဖြင့်သာ ချားလ်စ်သည်မျက်ဆံလည်လိုက်သည်။ "ဘာလို့ မင်းတို့နှစ်ယောက်ပဲထပ်ဖြစ်နေတာလဲ။ "

တီနာ နဲ့ တိုဘီကလွဲလို့ တခြားသူမဟုတ်ပါဘူး။ နူးညံ့သောအပြုံးဖြင့် တီနာကမေး၏။ "ရှင် ကျမတို့ကိုမတွေ့ချင်ဘူးလား မစ္စတာလိန်း။"

“အဲဒါကိုသိဖို့ မင်းမေးနေစရာမလိုဘူး” ဟု သူကပြန်ပြောပြီး သူ့လက်မောင်းကိုဖြန့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊  သူမ၏အပြုံးသည် သူမမျက်နှာပေါ်တွင်ရှိနေသေးသည်။  သူမက စိတ်ဆိုးပုံမပေါ်ပေ။ တစ်ဖက်တွင် တိုဘီသည် တိတ်ဆိတ်နေခဲ့သည်။ ဆိုနီယာ၏ခေါင်းပေါ်ရှိ ပတ်တီးပေါ်တွင်သာ သူ၏ဖတ်မရနိုင်သောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now