အပိုင်း ၉၁

666 37 1
                                        

Unicode
အခန်း (91) စာနယ်ဇင်းသမားများ၏ချောင်ပိတ်ခံရခြင်း။

ပြောစရာစကားမဲ့သွားသောအခါ တိုဘီသည် သူ၏နှုတ်ခမ်းများကို ပါးလွှာသောမျဉ်းတစ်ဖြောင့်တည်းဖြစ်အောင်စေ့လိုက်သည်။  တကယ်ပါပဲ။တီနာသည် ဆိုနီယာနှင့်ရန်ငြိုးရှိသည့် တစ်ဦးတည်းသောသူဖြစ်သောကြောင့် သူမသည် တီနာကိုသံသယဖြစ်ပေလိမ့်မည်။ "ဒါကိုငါစုံစမ်းလိုက်မယ်။" တိုဘီကအဝတ်အစားပြန်မဝတ်ခင် သူ့ပခုံးကိုလှုပ်ရှားလိုက်သည်။

ထိုအချိန်တွင် ဆိုနီယာက သူ့ကိုစိတ်မရှည်စွာကြည့်နေသည်။ "အဲဒါပြီးရင်ကောဘာဖြစ်သွားမလဲ။ တီနာက တကယ်နောက်ကွယ်မှာ ရှိနေရင် ရှင်ဘာလုပ်မှာလဲ။"

တိုဘီ၏အကြည့်ကမှိန်သွားသည်။ "သူမဖြစ်မှာမဟုတ်ဘူး။"

"ဟဟ" ဆိုနီယာလှောင်ရယ်ရယ်လိုက်သည်။ "ရှင်ကျမကိုတိုက်ရိုက်အဖြေမပေးခဲ့တာက ရှင့်ဆီမှာအဖြေတောင်မရှိလို့လေ၊ မဟုတ်ဘူးလား။"

တိုဘီ၏အကြည့်သည် ခဏတာမျှ တုန်လှုပ်သွားသည်။ "သူမကသာ နောက်ကွယ်မှာရှိနေရင် မင်းကို တောင်းပန်ခိုင်းမယ်။"

"ထပ်ပြီးတောင်းပန်တာပဲလား?"  ဆိုနီယာ စိတ်ထဲတွင်မျက်ဆံလည်လိုက်သည်။

တိုဘီ မျက်မှောင်ကြုတ်လိုက်၏။  "ဒါဆိုမင်းဘာလိုချင်တာလဲ။"

"အွန်လိုင်းပေါ်ကမှတ်ချက်တွေက တီနာနဲ့ရှင့်ရဲ့ဆက်ဆံရေးကို အနှောင့်အယှက်ပေးနေတယ်လို့ ကျမကိုစွပ်စွဲတယ်။ ဒီလိုအခြေအနေမျိုးမှာ ပို့စ်တင်တဲ့သူကို ဂုဏ်ပြုသင့်တယ်လို့ထင်တယ်။ ဒါကြောင့် ကျမမှာရိုးရှင်းတဲ့တောင်းဆိုချက်တစ်ခုပဲရှိတယ်။ တီနာသာ နောက်ကွယ်မှာတကယ်ရှိနေရင် ရှင့်ကိုသူမနဲ့တသက်လုံးဝေးဝေးနေစေချင်တယ်!" ဆိုနီယာက အေးစက်စက်အကြည့်ဖြင့် သူ့ကိုကြည့်နေသည်။ "တိုဘီဖူလာ၊ ရှင်ကျမကိုကတိပေးဖို့သတ္တိရှိလား။"

တိုဘီ၏မျက်လုံးသူငယ်အိမ်များကျုံ့သွားသော်လည်း မကြာခင်မှာပဲ ပုံမှန်ပြန်ဖြစ်သွားသည်။ "မင်း ဒီလိုလုပ်ရမှဖြစ်မှာလား?"

"လောင်းကြေးမထပ်ရဲဘူးလား။" ဆိုနီယာက သူ့ဆီဘော်လီဘောပြန်ပုတ်ပေးလိုက်သည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now