အပိုင်း ၈၁

523 25 2
                                        

Unicode
အပိုင်း  81 သတင်းကောင်း

ကွာရှင်းပြတ်စဲပြီးနောက် ဆိုနီယာသည် တိုဘီကိုပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုခြင်းဖြစ်ပြီး သူမဘာပြောချင်နေလဲဟု သူတွေးမိသည်။

"တိုင်လာက ကျမနေရာမှာရှိတယ်။ ဥက္ကဋ္ဌဖူလာ၊ ကျေးဇူးပြုပြီး သူ့ကိုလာပြီးအိမ်ပြန်ခေါ်သွားပေးပါ။" တံခါးအပြင်ဘက်က ကောင်လေးကိုမြင်နေရခြင်းက ဆိုနီယာကိုခေါင်းကိုက်သွားစေသည်။

တိုဘီ မျက်မှောင်ကြုတ်လိုက်သည်။  "တိုင်လာက မင်းရဲ့နေရာကိုရောက်ပြန်ပြီလား။"

"ဟုတ်​တယ်​၊ ကျမဘာပဲလုပ်​လုပ်​ သူက ​နေရာကမရွှေ့နေဘူးလေ။"

"သိပြီ။ ငါ ခဏနေရောက်လာမယ်။" ဟု တိုဘီကပြန်ပြောသည်။

ဆိုနီယာက သူ့ကိုပြောစရာစကားမရှိ၍ ပြောပြီးသည်နှင့် ချက်ချင်းပဲဖုန်းချလိုက်သည်။ တိုဘီသည် သူ၏နှုတ်ခမ်းများကို ပါးလွှာသောမျဉ်းတဖြောင့်တည်းဖြစ်အောင်စေ့ထားရင်း ဖုန်းပင်မစာမျက်နှာသို့ပြန်ပြောင်းသွားသည့် ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရုံးခန်းထဲမှထွက်သွားရန် ထရပ်လိုက်သည်။ တစ်နာရီခန့်ကြာသော် ဆိုနီယာ၏တိုက်ခန်းရှေ့သို့ သူရောက်လာသည်။

"တိုဘီ?" တိုဘီရောက်လာတာမြင်သဖြင့် ကြောက်ရွံ့ပြီးထိုင်နေရာကနေ တိုင်လာကမတ်တပ်ထလိုက်၏။ "အစ်ကိုဘာလို့ဒီကိုရောက်နေတာလဲ?"

"မင်းကို အိမ်ပြန်ပို့ဖို့ငါလာခဲ့တာ။" တိုဘီသည် တိုင်လာနောက်ကတံခါးကို လှမ်းကြည့်ပြီးနောက် တည်ကြည်စွာ ပြန်ပြောလိုက်သည်။

ခေါင်းငိုက်စိုက်ချထားကာ တိုင်လာသည် သူ့အစ်ကိုစကားကို နားမထောင်ပဲမနေဝံ့ပေ။ "တိုဘီ၊ ကျနော် ဒီမှာရှိတယ်ဆိုတာ အစ်ကိုဘယ်လိုသိတာလဲ။"

တိုင်လာ၏မေးခွန်းကို ပြန်ဖြေမည့်အစား တိုဘီသည် မကြာမီပွင့်လာသောတံခါးကိုခေါက်ရန် ရှေ့တိုးလာသည်။ ဆိုနီယာသည် ချိုင်းထောက်ဖြင့်ဖိနပ်ဗီရိုကိုမှီနေသည်။

ဆိုနီယာ၏အခြေအနေကို ကြည့်လိုက်ချိန်မှာ တိုဘီရဲ့မျက်လုံးများမှ စိုးရိမ်သည့်အကြည့်များရှိနေခဲ့၏။ စကားပြောသောအခါမှာပင် သူ့လေသံကပျော့ပျောင်းနေခဲ့သည်။  "မင်းခြေထောက် ဘယ်လိုနေလဲ။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now