Unicode
အပိုင်း ၆၀။ နစ်နာကြေးရယူခြင်း
ဆိုနီယာက ခပ်ဖျော့ဖျော့ပြုံးကာဖြေသည်။ "ရိုးရိုးလေးပါပဲ၊ ကျမတို့ ရဲကိုတိုင်မယ်!"
သူမကို အံ့သြတကြီးကြည့်ရင်း ချားလ်စ်က "ဘေဘီ၊ မင်းမပြောဘူးလား_"
"ဟမ်?" သူမက သူ့ကိုသတိပေးသည့် အကြည့်တစ်ချက်ပေးလိုက်သည်။ ချက်ခြင်းပင် သူ၏ပါးစပ်ကို ဇစ်ပိတ်သကဲ့သို့လုပ်ပြကာ တိတ်တဆိတ်ပင်နေလိုက်သည်။ ထိုသို့မှသာ သူမက ဆက်ပြောသည်။ “ကျမတို့နှစ်ယောက်လုံး အမြင်ချင်းမတူကြဘဲ ကျမတို့က သူမရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလို့ ယုံကြည်နေချိန်မှာ မစ်ဂရေးက သူမရဲ့အပြစ်ကင်းစင်မှုကို ထိန်းသိမ်းထားတာကြောင့် အခုလောလောဆယ် အမှန်တရားကို ဆုံးဖြတ်ရခက်နေပါလိမ့်မယ်။ ဒီလိုဆိုမှတော့ ကျမတို့က ရဲတွေ ကို ဘာလို့စုံစမ်းခွင့် မပေးရမှာလဲ။"
သူမ၏မျက်လုံးများတွင် ဉာဏ်ရည်ထက်မြက်သော အရိပ်အယောင်ကို သတိပြုမိရင်း တိုဘီသည် သူမကတစ်ခုခုကိုစီစဉ်နေပြီး သူမ၏စေ့ဆော်မှုသည် မဖြူစင်ကြောင်း နက်ရှိုင်းစွာ သိထားသည်။ သို့သော် သူက တီနာကို သတိမပေးရသေးမီတွင် သူမက ပြောနှင့်ပြီးဖြစ်သည်။ "ရတာပေါ့" သူမသည် ပြုံးရွှင်စွာဖြင့် သဘောတူနေသော်လည်း တစ်ဖက်အမျိုးသမီးက ရဲအားသတင်းပို့ရန် မိုက်မဲစွာ တွေးနေသည့်အတွက် သူမက ဆိုနီယာကို စိတ်ထဲမှရယ်မောနေခဲ့သည်။ ဗီဒီယိုအထောက်အထားမရှိရင် ရဲကိုခေါ်လည်း ဘာထူးမှာလဲ။ တီနာက သူမဘာသာ တစ်ဦးတည်းကြိတ်ရယ်သည်။
ထိုအချိန်တွင် ဆိုနီယာသည် တီနာ၏မျက်လုံးထဲမှ လှောင်ပြောင်မှုကိုမမြင်ဟန်ဆောင်ကာ သူမ၏မျက်နှာပေါ်တွင် အပြုံးဖြင့်ဆင်မြန်းကာ ချီးကျူးထောပနာပြုရုံသာရှိနေခဲ့သည်။ "သိပ်ကောင်းတယ်! မစ်ဂရေး မင်းကမှန်ကန်တဲ့ အဆိုပြုမှုလုပ်ခဲ့တာပဲ။ ချားလ်စ်၊ သူမက သဘောတူပြီးပြီဆိုတော့ နင်က ရဲကိုဖုန်းဆက်ပြီး ဒီအမှုကိုစုံစမ်းဖို့လာတဲ့အခါ သူတို့ကို စိတ်ညို့ပညာရှင်ပါ ခေါ်လာခိုင်းသင့်တယ်။"
ချားလ်စ်က သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ပေမဲ့ စိတ်ရှုပ်ထွေးစွာဖြင့် သူမကို ကြည့်လိုက်၏။ သူတို့ ဘာကြောင့် စိတ်ညှို့ပညာရှင်ကို ခေါ်လာဖို့လိုအပ်ရမှာလဲ။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
