အခန်း (92) စင်သီယာ၏အကြောက်တရား
ထိုအချိန်တွင်၊ လွန်ခဲ့သည့်နှစ်ရက်က တိုဘီက သူ့အား တီနာကိုတောင်းပန်ခိုင်းသည်ကို တိုင်လာသတိရလာသည်။ သူဘာမှမလုပ်ခဲ့ပေမဲ့ တီနာငိုလိုက်သည်နှင့် သူ့အမှားဟု တိုဘီကသတ်မှတ်ခဲ့သည်။ ထိုညတုန်းကဖြစ်ပျက်ခဲ့တာက အခုဖြစ်ပျက်နေသည့်အဖြစ်အပျက်နှင့်တော်တော်ဆင်တူလေသည်။
သူကအတွေးထဲမှာနှစ်မြုပ်နေစဥ် တိုဘီက သူ့ကိုအော်ခေါ်နေတာကို ကြားလိုက်ရ၏။ "ဘာလို့ဒီမှာရပ်နေသေးတာလဲ၊ သွားရအောင်!"
တိုင်လာသည် သူ၏အာရုံကိုပြန်လည်စုစည်းကာ ဘတ်စကတ်ဘောဖြင့်ပြေးလွှားလာခဲ့သည်။ "စာနယ်ဇင်းသမားတွေကဘယ်မှာလဲ။"
"တိုဘီက သူတို့ကိုမောင်းထုတ်လိုက်ပြီ။" တီနာက ညင်သာစွာပြန်ဖြေ၏။တစ်ချိန်လုံးတွင် တိုင်လာသည် သူမကိုထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ ရှုပ်ထွေးသောအကြည့်ဖြင့် သူမကိုစိုက်ကြည့်နေသည်။ သူ့အကြည့်တွေအောက်မှာ စိတ်မသက်မသာခံစားရတဲ့ တီနာက သူမမျက်နှာကိုပွတ်သပ်လိုက်၏။ "တိုင်လာ၊ နင်ငါ့ကိုဘာလို့အဲ့လိုကြည့်နေတာလဲ ငါ့မျက်နှာမှာတစ်ခုခုရှိနေလို့လား။"
"မဟုတ်ဘူး" တိုင်လာက ခေါင်းယမ်းပြပြီး သူ့အကြည့်ကိုလွဲလိုက်သည်။
တီနာ ပြုံးလိုက်၏။ "ငါ့မျက်နှာမှာ တစ်ခုခုရှိနေတယ်ထင်နေတာ။"
"ကောင်းပြီ၊ ကားပေါ်တက်ရအောင်။ စာနယ်ဇင်းသမားတွေ ထပ်လာလိမ့်မယ်။" ဟု တီနာ၏ပခုံးကိုကိုင်ရင်း တိုဘီကပြောသည်။ တီနာကခေါင်းတညိတ်ညိတ်ဖြင့်သဘောတူလိုက်၏။
ရုတ်တရက် တိုင်လာက "တိုဘီ၊ ကျနော် အစ်ကိုတို့နဲ့မလိုက်တော့ဘူး။ တခြားတစ်နေရာကိုသွားလိုက်ဦးမယ်။"
"မင်းဘယ်သွားမလို့လဲ?" တိုဘီက သူ့ကိုကြည့်လိုက်၏။
တိုင်လာ၏မျက်လုံးများတွင် တစ်စုံတစ်ခုကတောက်ပလာသည်။ "ဒါက ကျနော့်ရဲ့လျှို့ဝှက်ချက်ပဲ။ ကျနော်အပြန်နောက်ကျမယ်ဆိုတာပဲသိထားပေးပါ။ အခုသွားပြီနော်!" ထိုသို့ပြောပြီး သူကတက္ကစီတစ်စီးနဲ့သွားဖို့ လမ်းဘေးကိုပြေးသွားလေသည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Lãng mạnဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
