Unicode
အပိုင်း ၆၁။ စာချုပ်ချုပ်ဆိုခြင်း
"ရတာပေါ့!" ဆိုနီယာသည် ပြုံးကာခေါင်းညိတ်ပြီး တီနာကိုကြည့်လိုက်သည်။ "ကျေးဇူးတင်ပါတယ် မစ်ဂရေး။ နင့်ကြောင့်သာမဟုတ်ရင် ငါ့မှာ ဒီလောက်အကျိုးအမြတ်အများကြီး ရလာမှာမဟုတ်ဘူး။"
တီနာသည် သူမ၏အောက်နှုတ်ခမ်းကို တိတ်တဆိတ် ကိုက်လိုက်သည်။ တိုဘီသည် တီနာ၏ခါးကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာပြောသည်။ "သွားကြရအောင်။"
"ဘေးကင်းတဲ့ခရီးဖြစ်ပါစေ ၊ ဥက္ကဌဖူလာ နဲ့ မစ်ဂရေး ၊ Seafield မှာ တွေ့မယ်နော်။" ဆိုနီယာက သူတို့ကိုပြုံးပြရင်း နှုတ်ဆက်လိုက်တော့ ၎င်းတို့ကမှုန်ကုပ်ကုပ်နှင့် ထွက်သွားကြ၏။
၎င်းတို့နောက်မှ တံခါးကိုပိတ်ပြီး ချားလ်က အမြန်ပြန်လာခဲ့သည်။ "ဒါက အံ့သြစရာပဲ ဘေဘီ။ မင်းက သူ့ကို သမုဒ္ဒရာနှလုံးသား ထုတ်လာအောင် လှည့်စားခဲ့ပြီး အခုကျ ဆိပ်ကမ်းတစ်ခုလုံးနဲ့ မြေကွက်တစ်ကွက်ကိုလည်း ပေးအောင်လှည့်စားလိုက်ပြန်ပြီ။ သူတို့ ထွက်သွားတုန်းက အရမ်းစိတ်ပျက်နေပုံရတယ်။ ငါ ရီချင်လွန်းလို့ သေတော့မယ်။" (အေး နင်ပဲရီနေလိုက် 🤣)
သူမ ကုတင်ဘေးက ရေတစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ဆိုနီယာက ရေတလုတ်သောက်ကာ ပြန်ဖြေသည်။ "ဟုတ်တယ်လေ၊ သူတို့က ငါ့ကို အခွင့်အရေးပေးနေတုန်း မယူမိရင် ဖြုန်းတီးသလိုဖြစ်နေမှာပေါ့။"
"ဒါအမှန်ပဲ" ဟု ချားလ်က ရယ်မောပြီးနောက် သူမကို လေးလေးနက်နက် ကြည့်လိုက်သည်။ "ဒါပေမယ့် ငါတို့ ဒီကိစ္စကို တကယ်လွှတ်ထားလိုက်မှာလား။"
"ဟုတ်တယ်။" သူမ ခေါင်းညိတ်သည်။ "ငါတို့ တီနာကို ထောင်ထဲပို့နိုင်ပေမယ့် အဲဒါက မလိုအပ်ပါဘူး၊ တိုဘီရဲ့ မှန်ကန်တဲ့လုပ်ရပ်က ဂရေးမိသားစု နဲ့ ပါရာဒိုင်းကုမ္ပဏီတို့ရဲ့ အခြေအနေကို ပိုဆိုးသွားစေပြီး ကြံရာမရဖြစ်နေတဲ့ ဂရေးမိသားစုက ပါရာဒိုင်းကုမ္ပဏီကို ချေမှုန်းဖို့ ကြိုးစားမှာပါ။"
လက်ရှိတွင် ပါရာဒိုင်းကုမ္ပဏီသည် ဂရေးမိသားစု၏ပြိုင်ဘက်ဖြစ်ရန် အလွန်သေးငယ်နေသေးသည်။ ထို့ကြောင့် သူမသည် သူတို့နှင့်ထိပ်တိုက်မတွေ့နိုင်ပေ။ ထိုယုတ္တိကျမှုကိုမြင်တော့ သူက မပြောခင်မှာ သူ့ဖုန်းကိုစိတ်လွှတ်လက်လွှတ် ကလိနေမိသည်။ "စိတ်မကောင်းစရာပဲ! ဒါပေမယ့် ကောင်းတာကတော့ အနည်းဆုံးတော့ ငါတို့ ဒီကိစ္စကနေ အများကြီးရခဲ့တာပဲ။ အထူးသဖြင့် အဲဒီမြေကွက်ပေါ့။ ထိုက်ဒပ်က်ကသာ ဒီကိစ္စကိုသိသွားရင် တိုင်နဲ့ခေါင်းဆောင့်ပြီး သေချင်စိတ်ပေါက်မှာ သေချာတယ်။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
