Chapter 1 ပါရမီရှင်မဟုတ်တော့ပါ...

11.2K 509 15
                                        

Battle Through the Heavens
by Heavenly Silkworm Potato
————————–————————
Chapter-1 ပါရမီရှင်မဟုတ်တော့ပါ...

" Dou Shi Qi! အဆင့် ၃ "

မျက်စိစူးလောက်အောင်တောက်ပနေသော
မှော်အဆင့်တိုင်းတာတဲ့တိုင်မှာ ပေါ်နေတဲ့
စာလုံးကြီး ငါးလုံး ကိုငေးကြည့်ရင်း ကောင်လေး၏
မျက်နှာပြင်မှာ ခံစားချက်တွေ တည်ငြိမ်လို့နေတယ်။
နှုတ်ခမ်းထောင့်လေးမှာ သရော်အပြုံးဖျော့ဖျော့လေး
ပြုံးထားတယ်။ လက်သီးကိုတင်းတင်းဆုပ်မိထားတယ်။
လက်သည်းတွေတောင် အသားထဲကိုနစ်ဝင်နေပြီး
နာကျင်မှုတွေ ခံစားနေရတယ်။

""ရှောင်ယွင် Dou Shi Qi အဆင့်၃
   အဆင့်နိမ့်!! "

တိုင်ဘေးနားတွင်ရပ်နေသော
အလယ်လတ်အရွယ်လူက မော်ကွန်းတိုင်တွင်
ပေါ်ထွက်နေသော စာလုံးကိုကြည့်ပြီး
စိတ်မဝင်စားသောအသံနှင့် ကြေညာလိုက်သည်။

ကြေညာပြီးသည်နှင့် ကွင်းပြင်အတွင်းလှောင်ရယ်သံ
တွေ သောသောညံသွားသည်။

"အဆင့်သုံး! ဟဟ ငါပြောသားပဲ ဒီ ဂျီနီးယပ်စ် က
ဒီနေရာပဲပြန်ရောက်မယ်ဆိုတာ "

"အာ ငါတို့မျိုးနွယ်ကို တကယ်အရှက်ရစေတာပဲ"

"သူ့အဖေသာ မျိုးနွယ်ခေါင်းဆောင်မဟုတ်ဘူးဆိုရင်
သူ့ကိုမောင်းထုတ်လိုက်ပြီး တယောက်တည်းပဲ
ပေးနေခိုင်းမယ်။ ဒီကလန်မှာ သူအဖို့နေရာမရှိဘူး"

" ဟူး တချိန်တုန်းက ဝူတန်မြို့မှာ လျှမ်းလျှမ်းတောက်
ကျော်ကြားခဲ့သူက ကနေ့ ဒီအခြေအနေအထိ
ဘယ်လိုဖြစ်သွားရတလဲ"

" ဘယ်သူသိနိုင်မလဲ  ခွင့်မလွှတ်နိုင်စရာတခုခု
လုပ်မိလို့ နတ်ဘုရားတွေက သူ့ကို ဒေါသထွက်နေတာဖြစ်မယ်"

ကွင်းအလယ်မှာ သစ်တိုင်တိုလိုမျိုး မလှုပ်မယှက်
ရပ်နေတဲ့ရှောင်ယွင်နားထဲကို လှောင်ရယ်သံတွေ
ဂရုဏာသက်သံတွေ တိုးဝင်လို့လာတယ်။
သူ့ရဲ့ နှလုံးအထဲကို ဆူးချွန်နဲ့ ဆွသလို ခံစားလိုက်ရတယ်။
အသက်ရှုနှုန်းတွေ မြန်ဆန်လာတယ်။
သူ့ရဲ့မျက်နှာကိုမော့ထားလိုက်တယ်။ ချောမောမှုနဲ့
ရင့်ကျက်စပြုတဲ့ မျက်နှာလေးပေါ်လာတယ်။
လှောင်ရယ်နေတဲ့ပရိသတ်အချို့ကို
အသက်မပါစွာ ပြန်ကြည့်လိုက်တယ်။
ရှောင်ယွင်၏နှုတ်ခမ်းထောင့်က လှောင်အပြုံးလေးတွေ
ပိုပီပြင်လာခဲ့တယ်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now