62 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 62 - ရိုက်ခြင်းလေလံအိမ်ကနေ ထွက်လာခဲ့ပြီးတော့ ရှောင်ယွင်က လမ်းပေါ်မှာ ဟိုသည်လှည့်ရင်း အချိန်ဖြုန်းနေလိုက်တယ်..။ ပတ်ဝန်းကျင်မှာ လူတွေ သိပ်မရှိတော့တာကို မြင်ရတော့မှ အနီးအနားက လမ်းကြားတစ်ခုထဲကို ပြေးဝင်လိုက်တယ်..။ ပြီးတော့ ရှောင်ယွင် ညည်းညူပြောလိုက်တယ်..
" ဆရာဗျာ..ဆရာလုပ်တာနဲ့ ပေါ်ကုန်တော့မှာပဲ... "
" ဟီဟီ.. ငါ ဘာလုပ်လို့လဲ.. ငါလုပ်ပေးတာ မင်းဖြစ်ချင်နေတဲ့ ဆန္ဒတွေပဲ မဟုတ်လား..? "
ပုံစံက ရိုးရိုးစင်းစင်းဖြစ်နေတဲ့ အနက်ရောင်လက်စွပ်ကနေ ရွဲ့လော်ရဲ့ ရယ်သံ ထွက်ပေါ်လာတယ်..။
ဒီစကားကြောင့် ရှောင်ယွင်မှာ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်တယ်...။ သူ့အဖေကိုလည်း နည်းနည်း အားနာနေသလိုမျိး ခံစားနေရတယ်..။ သူ နှစ်ခါစလုံး လေလံတင်လိုက်တိုင်း သူ့အဖေဆီကပဲ ပိုက်ဆံကို ဖြုန်းခိုင်းနေသလို ဖြစ်နေတယ်..။ အနက်ရောင်ဝတ်ရုံကို မြောင်းထဲ ကန်ထည့်လိုက်ပြီတော့ တိုးတိုးလေး ပြောလိုက်တယ်..
" ရှောင်ကလန်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းရှာပြီ သူ့ကို ပြန်လျော်ပေးရမယ်.. ဒါဆိုရင် သူ့အတွက် နည်းနည်းတော့ အမြတ်ထွက်မှာပါ.."
လက်ထဲက ဆေးပါဝင်ပစ္စည်းတွေကို သူ့ရဲ့ အင်္ကျီရင်ဘက်ထဲကို ဖိသိပ်ပြီ သွင်းလိုက်တယ်..။ ပြီတော့ လမ်းကြားကနေ ထွက်လာခဲ့ပြီ ရှောင်ကလန်ရဲ့ အိပ်ဆောင်ဆီကို ကမန်းကတန်း ပြန်သွားတယ်..။
ရှောင်ကျန်းနဲ့ တခြားသူတွေက ပြန်မရောက်ကြသေးလို့ ကလန်ထဲမှာ လူတွေ သိပ်မရှိကြဘူး..။ တံခါးဝမှာ စောင့်ကြပ်နေတဲ့ အစောင့်တွေကလည်း သူတို့ကလန်ရဲ့ စူပါပါရမီရှင် သခင်လေးကို မြင်တဲ့အခါ သူ့ကို မဟန့်တားရဲကြတော့ပါ။ အစောင့်တွေရဲ့ အပြုအမူကို မြင်လိုက်ရတော့ ရှောင်ယွင် တချက်ပြုံးလိုက်ပြီ အထဲကို ၀င်သွားလိုက်တယ်။
ထို့နောက် ခပ်သုတ်သုတ်လေး ပြေးသွားလိုက်ပြီ ရှောင်ယွင်က သူ့အခန်းကို ပြန်ရောက်သွားခဲ့တယ်..။ သူ့ရင်ဘက်ထဲက ဆေးပါဝင်ပစ္စည်းတွေကို ထုတ်လိုက်တယ်..။ ဒီ ဆေးပင်တွေကို ရတနာတစ်ပါးလို သူ သဘောထားပြီတော့ ကိုင်တွယ်တယ်။ ဆေးပင်နဲ့ အခြားပစ္စည်းတွေကို လက်နှစ်ဖက်နဲ့ သေချာမယူပြီ စားပွဲပေါ် တင်လိုက်တယ်..။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...