Chapter ( ၈၄ ) - ဒုက္ခိတ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated By Kaung Myatလျိုစီးမှာ ယခုအချိန်မှာ အင်မတန်ကို စိတ်လှုပ်ရှားနေသည်။ ထိုသို့ ဖြစ်နေရခြင်း၏ အကြောင်းအရင်းက သူနှင့် မနီးမဝေးတွင် ရပ်နေသော အစိမ်းရောင်အင်္ကျီနှင့် လှပလွန်းနေသည့် မိန်းမပျိုလေး ကြောင့်ပဲ ဖြစ်သည်။
ထိုမိန်းမပျိုလေးဝတ်ဆင်ထားသော အင်္ကျီလေးမှာ သူမနှင့် အင်မတန်ကို လိုက်ဖက်လွန်းလှသလို မိန်းမပျိုလေး၏ သိမ်မွေ့ နူးညံ့သော မျက်နှာလေးမှာလည်း မှုံနံ့သာ ခြယ်သထားခြင်းမရှိ.. ပကတိ ပင်ကိုသဘာဝအလှတရားနှင့် ရိုးရှင်းစွာ ချောမောပြေပြစ် နေသည်။ ပိတုန်းရောင်ကေသာဆံနွယ်လေးကိုလည်း အစိမ်းရောင် ပုဝါစလေးဖြင့် စည်းနှောင်းထားသလို အားလုံးဟာ သူမခါးထစ်ခွင် တွင် စုသိမ်းထားသည်။ လေပြေလေး တစ်ချက်ချက်ကြောင့် မျောလွင့်နေသော သူမဆံနွယ်က မြင်ရသူအပေါင်းအား ဘဝင်ကျ စေသည်။
တဖန် အထိအခိုက်မခံဟု ထင်ရလောက်သော သေးသေး သွယ်သွယ် ထွာဆိုင်ငယ်လေးမှာလည်း မြင်သူတကာအား ပွေ့ဖက်ချင်မိလောက်အောင် ဆွဲငင်လွန်းသည်။ ခရမ်းဖျော့ဖျော့ ခါးပတ်ကြိုးလေးက သူမ၏ ခါးနှင့်တင်ကို ပိုင်းကန့်ထား၍ကာ ထူးထူးခြားခြား ပေါ်လွင်လွန်းသော ကောက်ကြောင်းကြောင့် ဖြတ်သွားဖြတ်လာသူအပေါင်းတို့မှာ စိတ်ကို မထိန်းနိုင်ဘဲ ထို ပျိုမဒီ၏ ခါးလေးကို ခိုးခိုးကြည့်သွားကြလေ၏။
ထိန်းမရ သိမ်းမရ ငမ်းနေသာ လျိုစီးမှာ စိတ်ထဲမှာ ကျိတ်ပြီး တွေးမိသည်။
" ဒီလိုသေးသွယ်တဲ့ ခါးမျိုး.. တစ်ခါလောက် ဖက်လိုက်ရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲ.. "
ပူလောင်နီမြန်းနေသော မျက်နှာဖြင့် မိန်းမပျိုလေးအား ငေးစိုက်ကြည့်နေရင်း လျိုစီး၏ လက်ဝါးပြင်မှာ စိတ်လှုပ်ရှားခြင်း ကြောင့် တုန်ခါနေသည်။ တင့်တယ်လှပလွန်းသော ထိုမိန်းမပျိုလေး သည် သူပျော်မြူးခဲ့ဖူးသည် တခြားသော မိန်းကလေးများနှင့် လုံးဝကို ကွာခြားလို့နေသည်။ သူမ၏ ညင်သာသော စိတ်ထားဟန် နှင့် တွဲမြင်ရသည့်အခါ သူမသည် အေးချမ်းသော ကြာပန်းပွင့် တစ်ပွင့်အလား မှတ်ထင်ရလေသည်။ တဏှာကြီးသော လျိုစီးမှာ သူမနှင့် ချက်ချင်းပင် ကာမဂုဏ်အား ခံစားလိုသည့်ဆန္ဒက တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။
![](https://img.wattpad.com/cover/156754420-288-k775992.jpg)
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...