အပိုင်း ( ၇၆ ) - အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း..
Battle Through The Heavensတိတ်ဆိတ်နေသော အစည်းအဝေးခန်းမတွင် ပူလောင်တောက် လောင်နေသော အကြည့်များဟာ စားပွဲပေါ်ရှိ ဆေးပုလင်း ငယ်ပေါင်း တစ်ထောင်ကျော်အား မမှိတ်မသုန် ငေးကြည့် နေကြသည်။ ခန်းမ အတွင်းရှိ မည်သူမှ ထိုလောက်များပြားသော ဆေးပုလင်ပေါင်းများ စွာကို မြင်ဖူးကြသည်မဟုတ်ပေ။
ရှောင်ယုမှာ သူမဘာသာ မသိလိုက်ဘဲ ပန်းနုရောင်နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိသည်။ အများနည်းတူစွာ သူမလည်း ဆေးပုလင်းကို ငေးကြည့်နေသည်။ မကြာခင်မှာပဲ သူမဟာ ခေါင်း ကို ယမ်းခါလိုက်ပြီး တောက်ပသော မျက်လုံးဖြင့် အနက်ရောင်ဝတ် ရုံနှင့်လူကို တစ်ခါ ပြောင်းကြည့်လိုက်ပြန်သည်။
ပြတင်းပေါက်အနားတွင် ထိုင်နေသာ အစိမ်းရောင်ဝတ် မိန်မပျိုလေး ဟာ သူမ၏ ဆောင်းဦးရေကြည်လို ကြည်လဲ့နေသော မျက်ဝန်းတွင် အံ့သြခြင်းများစွာဖြင့် စားပွဲပေါ်ရှိ ဆေးပုလင်းများကို ကြည့်နေပါ သည်။ အနက်ရောင်အ၀တ်နှင့်လူကြီးကိုလည်း တဖန် ပြန်ကြည့် လိုက်သည်။ သံသယဖြစ်စရာ အရိပ်အယောင်တစ်ခုကိုမှ မတွေ့၍ ရှင်းအာသည် လက်ထဲက စာအုပ်ကိုပဲ ပြန်ကြည့်လိုက်တော့သည်။
ခန်းမသည် အတော်လေး တိတ်ဆိတ်နေဆဲ ရှိနေတုန်းပင်။ အနက် ရောင်အ၀တ်လူကြီးသည် ချောင်းကို အသာလေးဟန့်လိုက်ကာ ချောင်းဟန့်အသံဖြင့် သူအနားရှိ ရှောင်ကျန်းကို လှုပ်နှိုးလိုက်သည်။
" အာ.. "ရှောင်ကျန်းလည်း မျက်နှာပူသွားကာ အနေရခက်စွာဖြင့် ရယ်လိုက် သည်။ အနက်ရောင်မှော်ဆေးပညာရှင်ကို ကြည့်သည့် သူ့အကြည့် မှာလည်း လေးစားသည့်အရိပ်အယောင်မှာက ပိုလေးနက်လာ သယောင် ရှိလာသည်။ ဘယ်မှော်ဆေးပညာရှင်တိုင်းကမှ ဒီလောက် များပြားသော ဆေးပုလင်းပေါင်းထောင်ကျော်လောက်ကို အေးအေးဆေးဆေး ထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။
" လူကြီးမင်း.. ရှောင်ကလန်ရဲ့ လက်ရှိအခြေအနေကိုလည်း လူကြီးမင်းသိသင့်ပါတယ်.. ကျွန်တော်တို့ရဲ့ ဆုံးရှုံးသွားတဲ့ စီးပွားရေးအခြေအနေကို ပြန်ဆွဲတင်နိုင်ဖို့ အနာကျက်ဆေးကို ကျွန်တော်တို့ လိုအပ်ပါတယ်.. အခု ကျွန်တော်တို့ အလိုအပ်ဆုံး ဖြစ်နေတဲ့ အနာကျက်ဆေးကို ပေးလိုက်တဲ့ လူကြီးမင်းရဲ့ အကူအညီက တကယ်ကို မထင်မှတ်စရာပါပဲ.."
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...