63 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 63 - ကောင်းကင်ဘုံမီးတောက်အဆင့်သတ်မှတ်ချက်ထမင်းစားစာပွဲခုံတွင် ထိုင်နေကြသည်။ ရှောင်ယွင်မှာ သူ့အရှေ့မှာ ထိုင်နေပြီ ဒေါသထွက်ထွက်ဖြင့် ထမင်းစားနေသော ရှောင်ယုကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ရှောင်ယုမှာ ဒေါသထွက်ထွက်နှငံ အံကြိတ်ပြီး ထမင်းကို အသံမြည်အောင် စားနေသည်။ သူမကိုကြည့်ပြီး ရှောင်ယွင် နှုတ်ခမ်းကို မဲ့လိုက်သည်။ထို့နောက် အခန်းတွင်းမှာ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ပြန်ပြောင်း သတိရလိုက်၍ သူ့ရဲ့ လက်ဝါးပြင်ကို ညာလက်ချောင်းဖြင့် စမ်းသပ်ပွတ်သပ်မိလေသည်။
ထိုစဉ် ရှောင်ယွင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှောင်ယုမှာ တချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေ၍ ရှောင်ယွင် ဘာလုပ်လိုက်တာကို မြင်လိုက်လေရာ သူမ၏ မျက်နှာနုနုမှာ ရှက်သွေးဖြာသွားလေသည်။
ရှင်းအာမှာ ရှောင်ယု အံကြိတ်နေတာကိုရော ရှောင်ယွင်၏ ခပ်တည်တည်မျက်နှာထားကိုလည်း မြင်လေရာ သူမသည် မျက်ခုံးကို တွန့်ချိုးထားမိလိုက်သည်။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး အစားအသောက်ကို တို့ကနန်းဆိတ်ကနန်းဖြင့် ဆက်စားလေသည်။
ရှောင်ယွင်သည် ရှောင်ယုကို ကြည့်နေရာကနေ ရှောင်နင်ဆီကို ရောက်သွားလေသည်။ ရှောင်နင်မှာ အတော်ပျော်နေဟန်ရှိသည်။ မျက်နှာမှာလည်း နားရွက်တက်ချိတ်မတတ် ပြုံးဖြီးနေသည်။ သူ့ကို ကြည့်ရင်း ရှောင်ယွင်မှာ စားပွဲခုံးစောင်းလေးကို လက်ခေါင်းဖြင့် ခေါက်ကစားလိုက်ကာ သူတစ်ပါး ကံဆိုးမိုးမှောင်ရောက်တော့မည့်အကြောင်းကို ၀မ်းသာစွာဖြင့် တွေးလိုက်လေသည်။
" ဒီကောင်ကတော့ အခြေခံဆေးလုံးကို ရသွားပြီနဲ့တူပါတယ်.. အခြေခံဆေးလုံးဆိုတာ အဆင့် ၈ နဲ့အထက်အဆင့်တွေမှာ အသုံးမ၀င်ဘူးဆိုတာ ဒီကောင် သိတောင်သိရဲ့လားဟ.."
ရှောင်ယွင် စိတ်ထဲတွင် ကျိတ်ရယ်မောလိုက်သည်။ ထို့နောက် ပျင်းရိဟန်ဖြင့် နောက်ထပ်လူတွေကို ထပ်ကြည့်လိုက်သည်။ ပြုံးရယ်နေသော သူ့အဖေကို မြင်သည့်အခါ ရှောင်ယွင် စိတ်စနိုးစနောင်း ဖြစ်သွားသည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...