အပိုင်း ၁၁၁
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavensညသည် တိတ်ဆိတ်စွာဖြင့် တရွေ့ရွေ့ ဖြတ်သန်းသွား သည်။ နောက်တစ်နေ့ မိုးသောက်အချိန် ရောင်နီပျိုးစပြု လာသည့် အချိန်တွင် ရှောင်ယွင်မှာ အချိန်မှန် နိုးထလာ တော့သည်။ တောရိုင်းထဲတွင် နေရမည့်အချိန်အတွက် ရှောင်ယွင်မှာ သူ့၏ ဇီဝနာရီကို မှန်နေအောင် ကျင့်ရ လေသည်။
ညတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ထား၍ မူလပင်ပန်း လာခဲ့သမျှ မောပန်းမှုများ ကွယ်ပျောက်သွားပြီး တက်ကြွ လန်းဆန်းနေသည်။
အိပ်ရာမှ နိုးလာပြီးနောက် ရှောင်ယွင်သည် တင်ပျဉ်ချိတ် ထိုင် လိုက်ပြီး လေ့ကျင့်ခြင်းကို စတင်ကာ မျက်လုံးကို ပြန်မှိတ်လိုက်သည်။ မနက်မိုးလင်းသည့်အချိန်သည် သူ့အတွက် ဒိုချီစွ်းအင်ကို လေ့ကျင့်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ နောက်ပြီး ဒိုချီစွမ်းအင် လေ့ကျင့်ခြင်း သည် လေဆန်ကို အံတု၍ လှေလှော်ခတ်နေ သည်နှင့် တူသည်။ တကယ်၍ တစ်ယောက်ယောက်က အဆင့် မတက်နိုင်ခဲ့ဘူးဆိုလျှင် အနောက်တွင် ကျန်ရစ်နေရလိမ့် မည်။ ဇွဲကောင်းသည့်သူမှသာလျှင် အမှန်တကယ် အောင်မြင်လိမ့်မည်။
အသက်ရှုသံများ တဖြည်းဖြည်းတည်ငြိမ်လာခဲ့ပြီး ရှောင်ယွင်၏ ဘေးပတ်လည်တွင် ငြိမ်သက်နေသော လေမှာ ရုတ်တရက် လူးလားလှုပ်ခတ်သည့် လှိုင်းကဲ့သို့ ဖြစ်လာပြီး ဒိုချီစွမ်းအင်စီးကြောင်းများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
အရင်ရက်များတွင် ခက်ခဲပင်ပန်းသည့် လေ့ကျင့်ခြင်းတွေကြောင့် ရှောင်ယွင်၏ အသားရေမှာ ကြမ်းတမ်းခက်ရော်နေပြီး ကြေး အထပ်ထပ်ကပ်နေပြီး ဖြစ်သော်လည်း ဘေးပတ်လည်က ဒိုချီစွမ်း အင်များနှင့် ထိတွေ့မိသည်အခါတွင်တော့ ရှိသမျှ ချွေးပေါက်များ ပွင့်ထွက်ကုန်ကာ ဒိုချီစွမ်းအင်စီးကြောင်းကို အငမ်းမရ စုပ်ယူကြ တော့သည်။ချွေးပေါက်တွေက ဒိုချီစွမ်းအင်အား အငမ်းမရ စုပ်ယူနေသလို သူ့၏ အသက်ရှုခြင်းမှလည်း ဒိုချီစွမ်းအင်များကို ခန္ဓာကိုယ်ထဲ စုပ်သွင်းနေသည်။ ထိုအခါ ထိုစွမ်းအင်တို့သည် ရွေးချယ်ထား သော ချီကျင့်စဉ်အရ သတ်မှတ်ထားသော အတွင်းလမ်း ကြောင်းအတိုင်းကို ဖြတ်သန်းဝင်သွားကြသည်။ ရှောင်ယွင်က ထိုစွမ်းအင် အား အဆက်မပြတ် သန့်စင်ယူပြီး ကိုယ်တွင်းရှိ ချီဝဲကယက်ထဲကို သို လှောင်ထားလိုက်သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...