ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
အပိုင်း ( ၇၄ ) - မတောင်းဘဲ ကမ်းလင့်သော
နောက်ထပ် နေ့ရက်များ ဖြတ်ကျော်သွားခဲ့ပြီး.. ရှောင်ယွင်မှာ နေ့ရက်နီးပါးတိုင်းကို ဆေးမီးအိုးအနားမှာပဲ ကုန်ဆုံးခဲ့ရသည်။ နေ့တိုင်းမှာ အရမ်းပင်ပန်းခဲ့ပေမဲ့လည်း သိုလှောင်လက်စွပ်ထဲက အနာကျက်ဆေးများ အပြည့်ဖြစ်နေတာကို ကြည့်ပြီး အားရကျေနပ်စွာဖြင့် အမောပြေခဲ့ရတာချည်းပင်။
တဖန် နောက်ထပ်ပြောစရာဖြစ်ခဲ့တာက ငါးရက်တိုင်တိုင် မှော်ဆေးပညာကို အဆက်မပြတ် လေ့ကျင့်ခဲ့လို့လား မပြောတတ်ပေ.. ရှောင်ယွင်၏ ခန္ဓာကိုယ်အတွင်းက ဒိုချီစွမ်းအင် တွေဟာ ပိုပို၍ စွမ်းအားထက်လာသည်။ သူ့၏ အခြေအနေကို အကဲဖြတ်ရလျှင် သူသည် ဒိုကျဲအဆင့် ကြယ်တစ်ပွင့် အနေအထား ကို ရောက်လုနီးပါးဟု ဆိုနိုင်သည်။
ရလဒ်ကောင်းနှစ်ခုကြောင့် ရှောင်ယွင် အံကိုခဲ စိတ်ဓာတ်ကြံခိုင်စွာ ဖြင့် ဒုက္ခခံကြိုးစားနိုင်ခဲ့သည်။
ဂူလေးအတွင်းမှာ ရှောင်ယွင်တစ်ယောက် အပင်ပန်းခံလျက် ဆေးဝါးများ သန့်စင်ဖော်စပ်နေသည့်အချိန်တွင် ၀ူတန်မြို့ထဲ အခြေအနေတွေမှာ ဆက်လက်ပြီး အကျပ်အတည်းဖြစ်နေဆဲပါ။ ရှောင်ကလန်နှင့် ဂျားလီကလန်တို့ နှစ်ခုကြား အခြေအနေမှာ ပိုပိုပြီ တင်းမာနေသည်။ လွန်ခဲ့သည့် နှစ်ရက်တွင် ဂျားလီကလန်သည် ခြေလှမ်းဦးယူကာ ကုန်သည်များကို ဆွဲဆောင်မက်လုံးပေးသည့် အခွင့်အလမ်းကို ထုတ်ပြန်ခဲ့ရာ မူလက ကြားဝင်မပါဘဲ ဘေးရပ်ကြည့်နေကြသည့် ကုန်သည်တို့မှာ ဂျားလီကလန်ပိုင် ဈေးနေရာများ ဆီကို ရွှေ့ပြောင်းလာခဲ့ကြသည်။
ရှောင်ကလန်၏ အုတ်မြစ်ကိုပင် ဖြိုခွဲမည့် အရိပ်အယောင်ကို အထင်အရှားမြင်နေသောကြောင့် ရှောင်ကလန်ရှိ အကြီးပိုင်းလူကြီး တွေမှာ အကြီးအကျယ်ဒေါသူပုန်ထွက်ကုန်ကာ အကြမ်းဖက်လို သည့် ဆန္ဒများပင် အစိုင်အခဲဖွဲ့တည်လာခဲ့ကြသည်။
..................
" ဒီကောင်တွေတော့ကွာ.. ငါ သည်းမခံနိုင်တော့ဘူး.. ၅ရက်ပဲ ရှိသေးတယ်..ငါတို့ အမြတ်ငွေဆုံးရှုံးတာ အနည်းဆုံး ၅၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိနေပြီးကွ.. ဒီအတိုင်းဆို ငါတို့ ဈေးဆိုင်နေရာတွေ
က မွဲပြာကျသွားလိမ့်မယ်ကွ.. "
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Приключенияကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...
