Chapter 94

1.2K 240 2
                                    

အပိုင်း ( ၉၄ ) – ညံ့ဖျင်းသော တွက်ချက်မှု

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

" ဘာပြောလဲ.. ဆေးအမယ်တွေ အားလုံးက လူတစ်ယောက်က ဖျက်ဆီးသွားတယ် ဟုတ်လား.. ? "

ခန်းမအထဲတွင် ဒေါသတကြီးဖြင့် အော်လိုက်သော အသံက ခန်းမခေါင်မိုးကိုပင် ပျက်စီးစေမတတ်ပါပဲ။

တုန်ရီနေသော အစောင့်သည် ဂျားလီဘီအရှေ့တွင် ဒူးထောက်နေကာ မျက်နှာမှာလည်း တုန်လှုပ်ချောက်ချားခြင်းတွေနှင့် တံတွေးကို မျိုချလိုက် သည်။ ကြောက်လန့်ခြင်းကြောင့် တုန်ယင်နေပြီးမှ ပြန်ဖြေနိုင်တော့၏

" ပြီးတော့ ဒုတိယအကြီးအကဲကိုလည်း ဆေးကို ဖျက်ဆီးသွားတဲ့ လူကပဲ သတ်လိုက်တယ်.."

ဒေါသထွက်နေသော ဂျားလီဘီ၏ မျက်နှာသည် အေးစက်မာကျောသွား သည်။ မျက်နှာမှာလည်း အိုစာသွားကာ ခြေထောက်များ ပျော့ခွေသွားပြီး အနောက်ရှိ ကုလားထိုင်ပေါ် ပြိုလဲကျသွားသည်။ ဂျားလီနူမှာ ဂျားလီကလန်တွင် ရှိသော ဒဒိုရှီသုံးယောက်ထဲက တစ်ယောက်ဖြစ်၏ သူ့၏ သေဆုံးခြင်းက ဂျားလီကလန် ရင်ဆိုင်နေရသော အကျပ်အတည်း များထဲတွင် အကျပ်အတည်းတစ်ခု ထပ်ပေါင်းထည့်လိုက်သလို ဖြစ်စေ သည်။

ဂျားလီဘီ၏ ပြိုလဲသွားသည့် အဖြစ်ကို ကြည့်ပြီး သတင်းပို့လာသူ အစောင့်တွေမှာလည်း စိုးရိမ်ပူပင်သောက ရောက်သွားကြသည်။ တဖန် အနက်ရောင်ဝတ်ရုံနှင့်လူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကိုလည်း ပြန်တွေးလိုက်မိသည်။ ဒုတိယအကြီးအကဲကဲ့သို့ ဒဒိုရှီအဆင့် ကြယ်သုံးလုံးပိုင်ရှင်က ထူးခြားသောလူတစ်ယောက် ကြောင့် ပြာပုံကျသွားစေခဲ့တာကို ယုံကြည်ရ ခက်ခဲလှသည်။ ထိုမြင်ကွင်းမျိုးက တကယ့်ကိုပင် သူတို့အား အသည်းထဲကနေ ကြောက်လန့်ခြင်းအရသာကို ပေးစွမ်းခဲ့သည်။

" ဘယ်သူက ဒုတိယအကြီးအကဲကို သတ်တာဖြစ်မလဲ.. "

မိနစ်ပိုင်းအထိ တိတ်ဆိတ်နေပြီးမှ ဂျားလီဘီသည် မိမိကိုယ်ကို ပြန်ထိန်းချုပ်လိုက်နိုင်ခဲ့သည်။ အနည်းငယ်ရှတနေသော သူ့အသံက ဂျားလီနူသေဆုံးသည် သူ့အတွက် ကြီးမားသော ဆုံးရှုံးခြင်းတစ်ခု ဖြစ်နေကြောင်းကို ဖော်ပြနေသလို ဖြစ်နေသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now