CH 141

751 91 5
                                    

အပိုင်း ( ၁၄၁ ) - ခရမ်းအရောင်စွမ်းအင်ကို စုပ်ယူခြင်း

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
++++++++++++++++++

အတော်လေးကို မီးဟပ်ခြင်းခံထားရသည့် ရှောင်ယွင်ကို သူမ၏ ရင်ခွင်တွင် ပိုက်ထွေးထားရင်း ယွင်ချီသည် ရှောင်ယွင်တစ်ကိုယ်လုံးအား ဂရုစိုက်ကြည့်ရင်း သူမ၏ မျက်နှာမှာလည်း ပြောင်းလဲသွားချေသည်။ ထိုအချိန်မှာလည်း နီလာခရမ်းတောင်ပံခြင်္သေ့ငယ်သည် ဂူအတွင်းကနေ ဒေါသတကြီးဖြင့် ဟိန်းဟောက်ကာ ပြေးထွက်လာပါသည်။ သို့သော် လေထဲတွင် ပျံနေသည့် ယွင်ချီကို မြင်သည့်အခါ ချက်ချင်း ခြေသည်းကို မြေကြီးမှာ ကုတ်ခြစ်လိုက်၍ အကွာအဝေးအနည်းငယ်အထိ တရွတ်တိုက် ရွေ့သွားပါသည်။ မှော်သားရဲကောင်တို့၏ ပင်ကိုသဘာဝအသိအရ အရှေ့က အမျိုးသမီးသည် သာမန်မဟုတ်မှန်း အန္တရာယ်အချက်ပေးနေသည်ကို ခံစားလိုက်ရသည်။

နီလာခရမ်းတောင်ပံခြင်္သေ့ငယ်မှာ အနောက်ပြန်လှည့်ပြေးဖို့ ကြံလိုက်သည့်အခါတွင် ရေခဲတမျှ အေးစက်သော မျက်နှာထားဖြင့် ယွင်ချီသည် သူမလက်ထဲက ဓားရှည်အား လွှဲယမ်းလိုက်သည်။ ထိုအခါ ကြီးမားပြီ အစိမ်းရောင်ရှိသည့် လေဓားလှိုင်းက သူမ၏ ဓားဦးဖျားတွင် ထွက်ပေါ်လလေကာ ခြင်္သေ့ငယ်ဆီသို့ လျှပ်လက်သည့်နှယ် ပြေးဝင်သွားလေသည်။ ချက်ချင်းပင် မီးပွားစများက နေရာအနှံ့သို့ ပြန့်ထွက်သွားသည်။

" ဝူး.. " ပြင်းထန်လှသော တိုက်ခိုက်မှုကို ရရှိသွား၍ နီလာခရမ်းတောင်ပံခြင်္သေ့ကား ၎င်း၏ ပါးစပ်ကနေ ကျယ်လောင်စွာ အော်ဟစ်လေသည်။ ယွင်ချီ၏ တိုက်ခိုက်မှုက ခြင်္သေ့ငယ်၏ နောက်ကျောတွင် အကာအကွယ်သဖွယ် ရှိနေသည့် အလွှာပြင်ကို ကွဲအက်စေခဲ့သည်။

" ဘာကွ.. ငါ့သားကို ထိရဲတယ်ပေါ့လေ.. ဒီနေ့တော့ မင်းကို အလွတ်မပေးတော့ဘူးကွ.. "

ယွင်ချီ တိုက်ခိုက်လိုက်သည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ခရမ်းမီးတောကတစ်ခုက ကောင်းကင်တစ်နေရာကနေ ပစ်လွှတ်လာသည်။ နီလာခရမ်းတောင်ပံခြင်္သေ့၏ ပေါက်ကွဲကျယ်လောင်သော အော်ဟိန်းအသံက ကောင်းကင်ယံတွင် ဟိန်းဟိန်းထနေတော့သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now