50 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 50. အကူအညီလိုလား??ဒိုချီကျင့်စဉ်စာလိပ်ကို ကိုင်ပြီ အခန်းကနေ ထွက်ခွာသွား
တာကိုကြည့်ကာ ရှင်းအာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်း
ကို ဘာညာယမ်းလိုက်ပြီ ရေရွတ်လိုက်သည်။
" ရှင်းအာ အကိုရှောင်ယွင်ကို ယုံကြည်ပါတယ်လေ.. "ရှောင်ယွင် အခန်းအပြင်ကို ထွက်လာပြီနောက် အံသြနေ
ကြသည့် မျိုးနွယ်လူငယ်တွေကို ကြည့်လိုက်သည်။ ပုခုံး
ဖွဖွ တွန့်လိုက်ပြီ ရှင်းအာကို စောင့်နေလိုက်ပြီနောက်
နှစ်ယောက်သား စကားတပြောပြောဖြင့် ခြေဦးတည့်ရာ
လမ်းကြောင်းထဲကို ဝင်ကြည့်လေသည်။၂ နာရီမျှ အချိန်ရနေသေး၍ ဂေဟာအပြင်ထွက်ဖို့ကို
ရှောင်ယွင်နှင့် ရှင်းအာတို့ မလောကြချေ။ ပုံမှန်အချိန်မှာ
ဒိုချီကျင့်စဉ်ဂေဟာမှာ တားမြစ်နေရာဖြစ်၍ ဒီလိုနေ့မျိုးမှ
သာ ရတောင့်ရခဲ အခွင့်အရေးဖြစ်နေသောကြောင့်
အချိန်ရသလောက် ဝင်စပ်စုကြည့်ဖို့ ဆုံးဖြတ်လိုက်ကြ
သည်။မီး လမ်းသွယ်ကနေ နှစ်ယောက်သား ထွက်ခွာတော့မည့်
အချိန်မှာ ရှင်းအာမှာ တွေ့ကရာ အခန်းငယ်တစ်ခုကို ဝင်
လိုက်ပြီနောက် သူမဟာ အဆင့်နိမ့် ရွှင်းအဆင့် ဒိုချီကျင့်
စဉ်တစ်ခုကို ရလာခဲ့သည်။ထို့နောက် ရှောင်ယွင်နှင့်အတူတူ တခြားစင်္ကြန်လမ်းများ
ကို ဝင်ပြီ လျှောက်လာခဲ့ကြသည်။ဒီကနေ့ဟာ ဒိုချီကျင့်စဉ်ဂေဟာတွင် တစ်နှစ်ပတ်လုံးမှာ
အဆူညံဆုံးနေ့ ဖြစ်လိမိ့မည်။ လမ်းကြောင်းတိုင်းမှာ
များပြားလှတဲ့ လူငယ်တွေက နံရံနှစ်ဖက်ကြားမှာ အစု
အဖွဲ့နှင့် ရှိနေကြသလို အနီရောင်အတားအဆီးကို ချိုး
ဖျက်လိုက်နိုင်၍ စိတ်လှုပ်ရှားမှုကို မျက်လုံးမှာပင် ထင်း
ထင်းရှားရှား မြင်နေရသည့် တချို့လူငယ်တွေကိုလည်း
တွေ့နေရသည်။ အနီရောင်အတားဆီးတွေ ကျိုးပျက်
သွားတိုင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံတွေ
ကြားရပါသေးသည်။ ဒီလို ပျော်ရွှင်နေကြသည့် ပတ်ဝန်း
ကျင်ထဲ ရောက်နေ၍ ရှောင်ယွင်တောင်မှ သူမျက်နှာမှာ
ပြုံးယောင်ယောင် ဖြစ်နေသည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...