Ch 153

1.5K 98 6
                                    

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ်
ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း

သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှောင်ယွင်တို့ တိတ်ဆိတ်စွာဖြင့် လေ့ကျင့်လာခဲ့ကြသည်မှာ တစ်ရက်ပြီ တစ်ရက် ကုန်ဆုံးလာခဲ့သည်။ ရှောင်ယွင်လည်း ခရမ်းရောင်မီးတောက်အား သန့်စင်ခြင်းအစပြုခဲ့သည့်နေ့ရက်မှ ရေတွက်လျှင် လတစ်ဝက်နီးပါး ရောက်ရှိလာခဲ့ပါပြီ။

လတစ်ဝက်အချိန်အတွင်း ရှောင်ယွင်သည် ဒိုချီစွမ်းအင်လေ့ကျင့်ခြင်းအား ရပ်တန့်ထားသလို ဖြစ်နေခဲ့သည်။ ခန္ဓာကိုယ်ကနေ စုပ်ယူထားသော စွမ်းအင်တို့အား ခရမ်းရောင်မီးတောက်ထံသို့သာ အကုန်ပို့လွှတ်နေခဲ့သည်။ ခရမ်းရောင်မီးတောက်သည် အဆုံးမဲ့သော တွင်းနက်တစ်ခုလို ဖြစ်နေခဲ့၏။ သဲသဲမဲမဲ လေ့ကျင့်လာခဲ့မှုက အချိန်ကြာလာသည်နှင့်အမျှ ရှောင်ယွင်၏ အကျိုးရလဒ်သည်လည်း သိသာထင်ရှားလာခဲ့သည်။

အစပထမတွင် လက်သန်းအရွယ်လောက်သာ ရှိသော ခရမ်းရောင်မီးတောက်သည် ယခုအခါ ဆယ်ဆမက ကြီးထွားလာပြီ ဖြစ်၏။ တဖြည်းဖြည်း ကြီးထွားလာသည့် ခရမ်းရောင်မီးတောက်ကို ကြည့်တိုင်း ရှောင်ယွင်မှာ ကျေနပ်အားရခဲ့သည်။ ဒီလိုနှုန်းထားဖြင့်ဆိုလျှင် သူ့ရဲ့ ချီကျင့်စဉ်ကို အဆင့်တိုးစေဖို့အတွက် လိုအပ်သော အတိုင်းအတာကို ခရမ်းရောင်မီးတောက် ရောက်ဖို့က နောက်ထပ် လတစ်ဝက်လောက် လိုလိမ့်မည်။

နောက်တစ်နေ့တွင် နေပူအောက်တွင် ရှောင်ယွင်သည် ကျောက်တုံးထက်တွင် ထိုင်လျက် လေ့ကျင့်သည်။ အဝတ်အစားမှာလည်း ချွေးတွေနှင့် စိုရွဲနေပြီ ဖြစ်၏။ နေပူအောက်တွင် အချိန် နှစ်နာရီမျှ တောင့်ခံလေ့ကျင့်လိုက်ပြီနောက်တွင် ဘေးပတ်ဝန်းကျင်က အပူအချိန်တို့က တဖြည်းဖြည်းလျော့ကျလာ၍ သူလည်း လေ့ကျင့်ခြင်းကို ရပ်နားလိုက်သည်။ ခေါင်းကို ငုံ့ကြည့်လိုက်ရာ ချွေးများ စိုရွှဲနေသည့် အဝတ်အစားကို တွေ့လိုက်ပြီနောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

ထို့နောက် ကိုယ်ကို မတ်မတ်ထားလိုက်ကာ မျက်လုံးမှိတ်လိုက်ပြီ ခန္ဓာကိုယ်အတွင်းသို့ ကြည့်လိုက်သည်။ ခရမ်းရောင်မီးတောက်က အနည်းငယ်ကြီးထွားလာပြန်သည်ကို မြင်သည့်အခါ ရှောင်ယွင် ကျေနပ်စွာဖြင့် ပြုံးလိုက်ပြီ မတ်တတ်ရပ်လိုက်ကာ ခုန်ဆွခုန်ဆွ လုပ်လိုက်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now