Chapter 101

1.3K 278 11
                                    



အပိုင်း ( ၁၀၁ ) - ကြောက်စရာကောင်းသော သူ

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by kaung Myat

မိန်းမပျိုငယ်၏ တက်ကြွနေသော စကားသံက ရွက်ဖျင်တဲတစ်ခုလုံးကို လူသေကောင်လိုပဲ တိတ်ဆိတ်သွားစေခဲ့တယ်။ လူအားလုံးတို့ဟာ ရှောင်ယွင် ဘေးနားက အစိမ်းရောင်ကောင်မလေးရဲ့ ပြုံးနေတဲ့ မျက်နှာကို ငေးကြည့်မိကြပါတယ်။ ရှောင်ယွင်ကြောင့် ထိတ်လန့် သွားတာတွေ ပြေရုံလေးပဲ ရှိသေးတယ်။ ယခုတစ်ခါ ပိုပြီး အံ့သြစရာတစ်ခုနဲ့ နောက်ထပ်တစ်ကြိမ် သူတို့ကို ရိုက်ချလိုက်ပြပါပြီး။ သူတို့ကို အကြင်နာမဲ့စွာနဲ့ ခေါင်းငုံ့သွားစေခဲ့တယ်။

ဒိုကျဲအဆင့် ကြယ် ၆ လုံး.. ပြီးတော့ အသက်က ၁၆ နှစ် ဒီလို အရည် အသွေးမျိုးက S အခန်းထက်တောင် ကျော်လွန်နေပါပြီး။ ဒီလို အရည် အချင်းက အကယ်ဒမီကျောင်းမျာ ရှိနေတဲ့ စုန်းမလေးထက်တောင် သာလွန်နေပါပြီး။

တိတ်ဆိတ်နေဆဲ ဖြစ်နေတဲ့ ရွက်ဖျင်တဲကို ကြည့်ပြီး ရှောင်ယွင်က နာ ကျင်စွာ ပြုံးလိုက်ပြီး ခေါင်းခါနေလိုက်တယ်။ ရှင်းအာ ကြေညာလိုက် တဲ့ အချက်အလက်က သူ ထင်ထားတာထက် ပိုပြီး ကျော်လွန်းနေ တယ်။ သူ ခန့်မှန်းထားတာက ရှင်းအာက ဒိုကျဲအဆင့် ကြယ် ၅ လုံး ပတ်ချာလည်လောက်ပဲ ရှိမယ်လို့ ခန်းမှန်းထားတာပါ။ ဒီမိန်းကလေးက ဒီလောက်ထိ ကြောက်စရာကောင်းနေမှန်း သူ မထင်လိုက်မိဘူး။ ပြောရရင် သူမရဲ့ အရည်အချင်းက S အခန်းထက်တောင် ပိုနေပါပြီး။ သူမရဲ့ အမြန်နှုန်းကို သူ့လိုမျိုး ထူးခြားတဲ့ လေ့ကျင့်ရေးအမြန်နှုန်း ရှိခဲ့တဲ့ သူကတောင် အနည်းငယ်တော့ ထိတ်လန့်သွားခဲ့တယ်။

တဲထောင့်မှာ ထိုင်နေတဲ့ ရှောင်ယုက ရှင်းအာရဲ့ စကားကို ကြားလိုက် ရတော့ လုံးဝကို သတိလစ်မတတ် ဖြစ်သွားခဲ့ရတယ်။ ကလန်မှာ ရှိစဉ် အခါက ရှင်းအာတိုက်ခိုက်နေတောကို သူမ လုံးဝ မမြင်ဖူးခဲ့ပါဘူး။ ဒါကြောင့်လည်း ရှင်းအားရဲ့ခွန်းအား အစစ်အမှန်ကို သူမ မသိခဲ့တာ ဖြစ်တယ်။ ပြီးတော့လည်း ရှင်းအာရဲ့ဇာစ်မြစ်အကြောင်းကို ဘယ်သူမှ လည်း သူမကို မပြောပြခဲ့ဖူးပါဘူး။ သူမထင်တာက ရှင်းအာဟာ ရှောင် ကလန်ရဲ့ လူငယ်မျိုးဆက်ထဲကတစ်ယောက် ဖြစ်ပြီး အရည်းအချင်း ပြည့်ဝတဲ့ ကောင်မလေးလိုပဲ သူမ စိတ်ထဲမှာ တွေးမှတ်ခဲ့တယ်။ ဒါပေမဲ့ ရှင်းအာရဲ့ စွမ်းရည်က ဒီလောက်အထိ ကြီးကျယ်နေမှန်း တကယ်ကို သူမ မထင်မှတ်ထားခဲ့တာပါ။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now