Chapter 59

1.5K 259 7
                                    

59 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 59 - လေလံပြီးဆုံးခြင်း

ရှောင်ကျန်း၏ ပါးစပ်ကနေ ထွက်ကျလာသော ဒီစကားကြောင့် ခန်းမတစ်ခုလုံးတိတ်သွားသည်။ ခဏအကြာမှ တစ်ယောက်ပြီးတစ်ယောက် အားလုံးရဲ့ အကြည့်တွေက ဂျားလီဘီ၏ ဖြူဖတ်ဖြူရော် မျက်နှာဆီကို ရောက်သွားကာ ဂျားလီဘီ ဒုက္ခရောက်တော့မှာကို တွေးပြီ ပျော်ရွှင်သွားကြသည်။

" ဟားဟား.. အခြေခံဆေးလုံး ၂ ပုလင်းအတွက်နဲ့ ရွှေဒင်္ဂါး ၁၀၀၀၀၀ တောင် ပေးတယ်.. ဒီလူကြီးကတော့ တကယ့်ကို အသုံးအဖြုန်းကြီးတာပဲ "

ဂျားလီဘီ၏ ဒေါပွနေသော မျက်နှာကို ကြည့်ပြီး ရှောင်ယွင် ခေါင်းငုံ့လိုက်ကာ တခွီးခွီးဖြင့် ကြိတ်ရယ်လိုက်ပြီ တိုးတိုး ပြောလိုက်သည်။

ပီတီတွေ တဖွားဖွား ဖြာနေသော ရှောင်ယွင်ကို မြင်၍ ရှင်းအာမှာ ပြုံးလိုက်ပြီ သာယာစွာ ရယ်လိုက်သည်။ သူမက

" တကယ်တမ်းဆို အဆင့် ၂ ဆေးလုံးက အပြင်မှာ အများဆုံး ၃၀၀၀၀ ပဲ ပေးရတယ်.. ဒါပေမဲ့ အခြေခံဆေးလုံးက တကယ့်ကို ကောင်းမွန်တဲ့ဆေးပဲ.. ဒိုချီစွမ်းအင်ကို ကျင့်ကြံတဲ့နေရာမှာ အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်တယ် ပြီးတော့ ဒီဆေးလုံးက ရှားလည်း ရှားတယ်.. အဲဒါကြောင့် အဆင့်၂ ဆေးလုံးထက်ကို ပိုပြီ ဈေးများတယ်.. ဒါပေမဲ့ ငွေ ၁၀၀၀၀၀ သုံးပြီ ၀ယ်တာကတော့ ဒီ ဂျားလီဘီဆိုတဲ့ လူကြီးကတော့ တကယ့်ကို လက်ဖွာတာပဲ..."

ရှောင်ယွင် ရယ်မောလိုက်ပြီ ခေါင်းညိတ်ပြီ ထောက်ခံလိုက်သည်။ သူ့နှုတ်ခမ်းကို သပ်ပြီ ပြုံးလိုက်ပြီနောက် ပြောလိုက်သည်။

" အဆင့်၂ လောက်ပဲ ရှိတဲ့ အခြေခံဆေးပုလင်းတောင်မှ ရွှေဒင်္ဂါး တစ်သိန်းနဲ့တောင် ရောင်းရတယ်ဆိုတော့ ဒါဆိုရင် တကယ့် မှော်ဆေးပညာရှင်တွေဟာ ရွှေပုံမှာ လက်ပစ်ကူးလို့ရတယ်အထိ ချမ်းသာကြတယ်ဆို့ အဓိပ္ပါယ်ပဲပေါ.. ဟုတ်လား.. "

" ဒီကမ္ဘာမှာ မှော်ဆေးပညာရပ်ဆိုတာ အချမ်းသာဆုံး ပိုက်ဆံသောက်သောက်လဲ ရတဲ့ အလုပ်ပဲ.. အဲဒါကြောင့် မှော်ဆေးပညာရှင် အားလုံးက ပစ္စည်းဥစ္စာတွေ အများကြီး ပိုင်ဆိုင်ထားကြတာပေါ့ "
ရှင်းအာမှာ ပြုံးပြီ ခေါင်းညိတ်လိုက်သည်။ သူမအကြည့်ကို စင်မြင့်ပေါ်က အခြေခံဆေးလုံးဆီကို ကြည့်လိုက်ပြီ ဆက်ပြောသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now