CH 150

740 89 1
                                    

အခန်း ( ၁၅၀ )  ခရမ်းရောင်မီးတောက်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

သီးသန့်ဆန်စွာ ရှိနေသည့် ချိုင့်ဝှမ်းငယ်လေးတွင် ရှောင်ယွင်နှင့် ရှောင်ယိရှန်တို့မှာ အေးချမ်းစွာဖြင့် နေလာခဲ့ကြသည်။ တစ်ယောက်က ဒိုချီစွမ်းအင်ကို ကြိုးကြိုးစားစား လေ့ကျင့်နေသည့်အချိန်မှာ နောက်တစ်ယောက်က အဆိပ်စာအုပ်ကို စိတ်ဝင်တစား လေ့လာသည်။ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်လည်း မပေးကြဘဲ သာယာငြိမ်းချမ်းသော နေ့ရက်များက လွတ်လပ်ပြီး စိတ်ချမ်းသာဖို့ကောင်းလေ၏။

ဒိုချီအဆင့်ကို တက်လှမ်းနိုင်ဖို့ကိစ္စသည်  ရှောင်ယွင် တွေးထင်ထားသည်ထက် ပို၍ ခက်ခဲနေလေ၏။  ချိုင့်ဝှမ်းငယ်နေရာတွင် လေ့ကျင့်လာခဲ့သည်မှာ  လတစ်ဝက်နီးပါး ရောက်ရှိလာခဲ့သော်လည်း သူ့ကိုယ်ထဲက ဒိုချီစွမ်းအင်တို့သည်သာ များပြားလာပြီး အားကောင်းလာရုံသာ ရှိခဲ့သည်။ ဒိုရှိအဆင့်သို့ တက်လှမ်းချင်နေသည့် ခံစားချက်များက လုံးဝ မထွက်ပေါ်လာသေးချေ။ ထိုကိစ္စနှင့်ပတ်သတ်၍ ရွဲ့လော်က ကံကြမ္မာ၏ အလိုတိုင်းသာ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်းဖို့သာ ပြောလေသည်။

လျှို့ဝှက်ပြီး အသိခက်သည့် ရွဲ့လော်စကားကြောင့် ရှောင်ယွင် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။ သို့ပေမဲ့ ထိုနောက်ပိုင်းတွင် ရှောင်ယွင်သည် ဒိုချီစွမ်းအင်ကျင့်ကြံခြင်းကို တစ်ဖြည်းဖြည်း လျှော့ချလိုက်ပြီ ရံဖန်ရံခါ ဒိုသိုင်းပညာရပ်ကို လေ့ကျင့်ခြင်း၊ တစ်ခါတရံတွင် ရွဲ့လော်၏ သင်ကြားပြသမှုနှင့်အတူ ချိုင့်ဝှမ်းအတွင်းမှာ ရှိသည့် ထူးခြားသည့် ဆေးပင်အမျိုးမျိုးကို လေ့လာခွဲခြမ်းခြင်းတို့ကိုပါ လေ့လာခဲ့သည်။

ချိုင့်ဝှမ်းနေရာတွင် အင်မတန် တန်ဖိုးကြီး ရှားပါးသည့် ဆေးပင်အမျိုးမျိုးတို့၏ ပေါက်ရောက်နေခြင်းက ဆွဲဆောင်အားကောင်းလွန်းနေရာ ရှောင်ယွင်လည်း မှော်ဆေးပညာရပ်ကို ပြန်လေ့လာဖို့ စိတ်အားထက်သန်လာသည်။ ထို့နောက်မှာတော့ ရှောင်ယွင်သည် အချိန်တစ်ခု သက်သက်ခွဲလိုက်ပြီး မှော်ဆေးပညာရပ်ကို နေ့တိုင်းလေ့ကျင့်တော့သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now